• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မောင်တောမှာ ကင်တာနာကို ဆန္ဒပြ

by လင်းသန့်
31 July 2012
in သတင်း
A A
မောင်တောမှာ ကင်တာနာကို ဆန္ဒပြ

ဇူလိုင် ၃၀ ရန်ကုန်သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ မစ္စတာ ကင်တာနာ (ဓာတ်ပုံ- ဧရာဝတီ)

9.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မောင်တောမြို့သို့ ယနေ့နေ့လယ်က ရောက်ရှိလာသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့် အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာကို ဒေသခံ ရခိုင် တိုင်းရင်းသား ၂၀၀ ခန့် က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပြသခဲ့ကြောင်း သတင်းရရှိသည်။

“နိုင်ငံတော် သမ္မတကြီး၏ ဆုံးဖြတ်ချက်ကို လေးစားပါ”၊ “မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကို လေးစားပါ”၊ “တိုင်း ရင်းသားတို့၏ လူ့အခွင့်အရေးကို လေးစားပါ”၊ “မျှမျှတတ ဆက် ဆံပါ” ဟူသော တောင်းဆိုချက် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသူများက ကင်တာနာ၏ ယဉ်တန်း ဘေးဝဲယာမှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
68
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
68
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
859

“မစ္စတာ ကင်တာနာ ဒီကို ၁ နာရီလောက်မှာ ရောက်တော့ ရခိုင်နဲ့ တိုင်းရင်းသား ၂၀၀ လောက် ရှိမယ်ခင်ဗျ။ ဆိုင်းဘုတ်တွေ ကိုင်ထားကြတယ်။ အလံတွေ ကိုင်ထားကြတယ်။ အပြင်က ရပ်ကြည့်နေတဲ့ သူတွေနဲ့ ဆို ရင်တော့ လေးငါးရာလောက်ရှိမယ်ခင်ဗျ”ဟု ဒေသခံ မျက်မြင်သက်သေ တဦးဖြစ်သည့် ကိုကျော်အေးမောင်က ဧရာဝတီကို ပြောသည်။

မစ္စတာ ကင်တာနာနှင့် အဖွဲ့သည် မောင်းတောမြို့သို့ ရဟတ်ယာဉ် ၂ စီးဖြင့် ယနေ့ နေ့လယ် ၁ နာရီခန့်က ရောက်လာကြောင်း၊ မစ္စတာ ကင်တာနာ၏ ယာဉ်တန်းအား သဇင် တည်းခိုခန်းရှေ့လမ်းဘေး ဝဲယာတွင် ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်ကြောင်း သိရသည်။ မစ္စတာ ကင်တာနာက ယာဉ်တန်းပေါ်မှ အဆိုပါ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများကို ဓာတ်ပုံနှင့် ဗွီဒီယို မှတ်တမ်းတင်မှုများ ပြုလုပ်ကြောင်း၊ ယာဉ်တန်း ခရိုင် အုပ်ချုပ်ရေးမှူး ရုံးရှိရာသို့ ဆက်လက် ထွက်ခွာသွားပြီးနောက် ဆန္ဒဖော်ထုတ်သူများ အေးအေး ဆေးဆေး လူစု ခွဲသွားကြကြောင်း သိရသည်။

မစ္စတာ ကင်တာနာနှင့် အဖွဲ့သည် မောင်းတောရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခြင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးနှင့် လုံခြုံရေး တာဝန်ရှိသူများနှင့်လည်း အခြေအနေကို မေးမြန်းစုံစမ်းမှုများ လုပ်ဆောင်ခဲ့သည်။

မောင်တော ဒေသတွင် ယခုအခါ လုံခြုံရေး တင်ကျပ်စွာ ချထားပြီး ဆန္ဒဖော်ထုတ်သူများဘက်ကလည်း မလိုလားအပ်သော ပြဿနာများ မပေါ်ပေါက်ရေး ထိန်းထိန်းသိမ်းသိမ်း ရှိခဲ့ကြောင်း၊ သို့သော် မောင်းတော မြို့ပေါ် ရပ်ကွက်များတွင် UN (ကုလသမဂ္ဂ) အလိုမရှိ ဟူသော အကျီများ ဝတ်ဆင်ထားသူ တချို့ကို မြင်တွေ့ရကြောင်း ကိုကျော်အေးမောင်က ဆိုသည်။

မောင်းတော ဒေသတခွင် ငြိမ်ဝပ်ပိပြားရေးရှိနေပြီဖြစ်သော်လည်း ဒုက္ခသည်စခန်းများနှင့် ဒေသခံများမှာ အပြန်အလှန် မယုံကြည်မှုများ၊ စိုးရိမ်မှုများ ကြီးစိုးနေဆဲဖြစ်ပြီး အပြင်ထွက်ကာ အလုပ်မလုပ်နိုင်ကြသေးကြောင်း၊ ရိက္ခာအတွက် ဆန်ကို အဓိက လိုအပ်လျှက် ရှိကြောင်း ကူညီကယ်ဆယ်ရေးသမားများက ဆိုသည်။

ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ အပါအဝင် ကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များက လာရောက်လှူဒါန်းမှုများ  ရှိကြောင်း သိရသည်။

Your Thoughts …
Tags: UN
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

အာဏာရူး စစ်ဘီလူးများနဲ့ ခိုင်းနှိုင်းခြင်းဖြင့် ခွေးများကို မစော်ကားပါနဲ့…

အာဏာရူး စစ်ဘီလူးများနဲ့ ခိုင်းနှိုင်းခြင်းဖြင့် ခွေးများကို မစော်ကားပါနဲ့…

by မနှင်း
14 September 2024
5.1k

သူတို့ဟာ Man’s best friend ဆိုတာ တကယ်ပါပဲ။ သူတို့ဟာ အိမ်မွေး တိရစာ္ဆန် အဆင့်ထက် ပိုပါတယ်…သူတို့ဟာ သခင်အပေါ်မှာ မိတ်ဆွေတွေ အပေါ်မှာ တကယ် Loyal ဖြစ်တဲ့ သူတွေပါ။ သစ္စာ ရှိသူတွေပါ…

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၄)

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၄)

by အောင်ဇော်
12 August 2023
2.9k

နာဂစ်သည် မြန်မာ စစ်ခေါင်းဆောင်များသာ မဟုတ်ဘဲ အာဆီယံ အတွင်းရေးမှူးသစ် ဆူရင် ပစ်ဆူဝမ်ကိုပါ စာမေးပွဲ စစ်သည်ဟု ဆိုရမည် ဖြစ်သည်။

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၃)

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၃)

by အောင်ဇော်
29 July 2023
2.9k

ဆူရင် ပစ်ဆူဝမ်ကတော့ ကမ္ဘာလှည့် နိုင်ငံခြားရေး ဝန်ကြီး ဘဝဖြင့် ထိုင်း၏ ပုံရိပ်ကို မြှင့်တင်ခဲ့သည်ဟု မှတ်ချက် ချရမည်။

စစ်ကောင်စီ ဖယ်ရှားရေး အရမ်း အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်

စစ်ကောင်စီ ဖယ်ရှားရေး အရမ်း အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်

by ဧရာဝတီ
16 November 2024
2.2k

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဦးဆောင် အဖွဲ့ဝင်ဖြစ်သူ မခိုင်ဇာအောင်နှင့် ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

မြန်မာ့အရေး UN ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေးပွဲမှာ ဘာတွေပြောကြလဲ

မြန်မာ့အရေး UN ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေးပွဲမှာ ဘာတွေပြောကြလဲ

by ဧရာဝတီ
6 April 2024
428

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအရေးနဲ့ ပက်သက်ပြီး ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ တံခါးဖွင့်အစည်းအဝေးကို ဧပြီ ၄ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

by ဧရာဝတီ
28 September 2024
269

ရိုက်ကူး - သူရ၊ ဗိုလ်ကျန်၊ လင်းထက် တည်းဖြတ် - လင်းထက်

Next Post
အစိုးရအတွင်း ပြောင်းလဲရေး လုပ်ရမည့်အချိန်

စစ်ရေးနည်း တခုတည်းဖြင့် ရေရှည်လုံခြုံမှု မတည်ဆောက်နိုင်

အရိုင်း ဖန်တီးရှင်ရဲ့ အနုပညာလက်ရာ ပြပွဲ (ရုပ်/သံ)

အရိုင်း ဖန်တီးရှင်ရဲ့ အနုပညာလက်ရာ ပြပွဲ (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate