သတင်းတို
တက္ကသိုလ် ပညာရေးဥပဒေ အသစ်ရေးဆွဲရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
This article has been converted from Zawgyi One to Unicode
၂၀၁၂ တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်းကို အသစ်ပြန်လည်ရေးဆွဲပြီး လွှတ်တော်၌ ထပ်မံဆွေးနွေးတင်ပြရန် ယမန်နေ့ကကျင်း ပ သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ကြောင်း သိရသည်။ယင်း ဥပဒေ မူကြမ်းသည် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီက တင်ပြထားခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ် ၅၀ ခန့်က ပြဌာန်းထားသော ဥပဒေကို ပြင်ဆင်မွမ်းမံထားသော ဥပဒေဖြစ်၍ ခေတ်နှင့်မညီသောကြောင့် ဦးသိန်းညွန့် အပါအဝင် တခြားသော လွှတ်တော် ကိုယ်စားလှယ်များကလည်း ကန့်ကွက်ကြ၍ ထပ်မံဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက အတည်ပြုကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။