သတင်းတို

The Voice နှင့် Envoy ဂျာနယ် ပိတ်ပင်မှု ရုပ်သိမ်းရန် တောင်းဆို

This article has been converted from Zawgyi One to Unicode

ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို ပြန်ကြားရေး ဝန်ကြီးဌာန စာပေ စိစစ်နှင့် မှတ်ပုံ ဌာန က အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန် မြန်မာ ဂျာနယ်လစ်ကွန်ရက်က တောင်းဆို လိုက်သည်။ မီဒီယာ လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၏ အပြုသဘောဆောင်သည့် သဘောထားများနှင့် ကွဲလွဲနေသောကြောင့် ယင်းသို့ အရေးယူထားခြင်းအား ပြန်လည် သုံးသပ်၍ တပတ် အတွင်း ရုပ်သိမ်းပေးရန် တောင်းဆိုစာကိုလည်း ပြန်ကြားရေး ဝန်ကြီးဌာသို့ ပေးပို့သွားမည်ဖြစ်သည်ဟု မြန်မာ ဂျာနယ်လစ် ကွန်ရက်၏ ယနေ့ ထုတ်ပြန်ချက်၌ ပါရှိသည်။ ထိုဂျာနယ် နှစ်စောင် ကို သက်ဆိုင်ရာက ယမန်နေ့ကစတင်၍ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

Loading