သတင်း

အလုပ်သမား ဆန္ဒပြမှု စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် အဆို ပယ်ချခံရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ ဆန္ဒဖော်ထုတ်မှုများနှင့်ပတ်သက်သည့် စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းရေးအဆိုကို သြ ဂုတ်လ ၁ ရက်၌ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးက ပယ်ချလိုက်သည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က ဆန္ဒပြနေသော လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ (ဓာတ်ပုံ – ဧရာဝတီ)
ယခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က ဆန္ဒပြနေသော လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ (ဓာတ်ပုံ – ဧရာဝတီ)

ယင်းအဆိုကို သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးသိန်းညွန့်က တင်သွင်းခြင်း ဖြစ်ပြီး နိုင်ငံရေးအရ ရောယှက်မှု မပြုသင့်ဘူးဟု ဆိုကာ မဲခွဲဆုံးဖြတ်ရာမှ ပယ်ချခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် ဦးသိန်းညွန့်က“မကြာခင်က ဖြစ်ပေါ်ခဲ့သော ရန်ကုန်တိုင်း ဒေသကြီးရှိ စက်ရုံ အလုပ်ရုံ တချို့ အပါအဝင် အလုပ်သမားများ၏ လုပ်ငန်းခွင် ဆိုင်ရာ ဆန္ဒဖော်ထုတ်မှုများနှင့် ပတ်သက်၍ ဖြစ်ပွားရသော လက်ငင်း အကြောင်းအရင်းနှင့် အရင်းခံ အကြောင်းရင်းများကို လေ့လာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မထိခိုက်စေဘဲ အဖြေရှာစေနိုင်ရန် အတွက် အများကြည်ညိုလေးစားပြီး ယုံကြည်လောက်သော ပုဂ္ဂိုလ်များ ပါဝင်သည့် အလုပ်သမား ဆန္ဒဖော်ထုတ်မှုများနှင့် ပတ်သက်သော စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းရန် ပြည်ထောင်စု အစိုးရအား ဤလွှတ် တော်မှ တိုက်တွန်းကြောင်း”အဆိုတင်သွင်းသည်ဟု ယမန်နေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်က အလုပ်သမားအဖွဲ့အစည်းဥပဒေ နည်းဥပဒေများ ဥပဒေပြဌာန်းထားပြီးဖြစ် သည့်အတွက် စုံစမ်းစစ်ဆေးရန် မလိုအပ်ကြောင်း ထောက်ပြဆွေးနွေး၍ ယင်းအဆိုကို ကန့်ကွက် ခဲ့သည်။

“ဦးအောင်ကြည်က အလုပ်သမား ဥပဒေတွေ ပြဌာန်းပြီးပြီ။ အဲဒီအတွက် အချိန်ပေးဖို့လိုတယ်၊ ဥပဒေပြဌာန်းပြီး ဖြစ်တဲ့အတွက် ဝင်ပြီး တော့ စုံစမ်းရေး လုပ်ဖို့ မလိုဘူး၊ နိုင်ငံရေး ဝင်ပါလာရင် ပြဿနာက ပိုပြီးတော့ အလုပ်သမားကိစ္စဖြေရှင်းရာမှာ အကျိုးမရှိဘူး ဆိုတဲ့ သဘောမျိုး ပြောတယ်”ဟု အဆိုရှင် ဦးသိန်းညွှန့်က ပြောသည်။

ဦးသိန်းညွန့်က ဆက်လက်ပြီး အလုပ်သမားဆန္ဒဖော်ထုတ်မှုများသည် စီးပွားရေးကြောင့်သာ မဟုတ်ဘဲ နိုင်ငံရေးကြောင့်ပါ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

“နိုင်ငံရေးသမား ဆန့်ကျင်တဲ့လေမျိုး ရှိနေရင်တော့ ပါတီစုံဒီမိုကရေစီသွားဖို့က အလှမ်းကွာဝေးနေတယ်ဆိုတာ ကျနော်ဒီနေ့ လွှတ် တော်မှာ ထောက်ပြခဲ့တယ်။ နောက်တခုက ဥပဒေရှိတိုင်းမရဘူး။ ၁၉၆၄ ခုနှစ်က အလုပ်သမား အခွင့်အရေးနှင့်တာဝန် ဥပဒေပြ ဌာန်းခဲ့တယ်။ အဲ့ဒီတုန်းက အလုပ်သမားကောင်စီတွေက စက်ရုံတိုင်းမှာ ရှိခဲ့တယ်။ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပတ်သက်နေတဲ့အခါကျတော့ ၁၉၇၄ ခုနှစ်တွင် အလုပ်သမားဆန္ဒပြမှုများရှိခဲ့တယ်။ ဒါကြောင့် အလုပ်သမားအရေးကိစ္စကို စဉ်းစားတဲ့အခါ ဥပဒေတခု ပြဌာန်းရုံနဲ့ မပြီးဘူး၊ ကျန်တဲ့ နိုင်ငံရေး စီးပွားရေးအခြေအနေကိုပါ သုံးသပ်နိုင်ဖို့ စုံစမ်းရေးကော်မရှင်ဖွဲ့သင့်တယ်ဆိုတဲ့ ကျနော့် အဆိုပေါ်မှာ ကျနော် ခိုင်ခိုင်မာမာရပ်ပါတယ်”ဟုလည်း ဦးသိန်းညွန့်က ရှင်းလင်းပြောပြသည်။

ဦးသိန်းညွန့်၏ အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းနှင့် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ အလုံ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်တို့က ထောက်ခံဆွေးနွေးကြောင်း သိရသည်။ သို့သော် အဆိုကိုမဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၄၃ မဲ၊ ကန့်ကွက်မဲ ၂၈၈ မဲ၊ ကြားနေမဲ ၁၇ မဲနှင့် ရှုံးနှိမ့်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ တောင်ဥက္ကလာပ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း ကလည်း အလုပ် သမားဝန်ကြီးဌာန တာဝန်ရှိသူများ၏ ဆောင်ရွက်ချက်များမှာ ပြီးပြည့်စုံပြီး ဖြစ်သည့်အတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရန် မလို အပ်ကြောင်း ထောက်ပြပြောဆိုကာ ကန့်ကွက်ဆွေးနွေးခဲ့သည်။

ဦးအောင်သိန်းလင်းက အလုပ်သမားဝန်ကြီးဌာန အရာရှိများသည် မေလနှင့် ဇွန်လအတွင်း စက်ရုံပေါင်း ၉၀ တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကို ကြားဝင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလုပ်သမားဌာန အရာရှိများမှာ ကိုယ်ကျိုးစွန့် ဆောင်ရွက်ပေးမှုများပင် ရှိကြောင်း၊ အလုပ်ရှင် အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးကာ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ပေးပြီးဖြစ်ကြောင်း၊ ယခုအချိန်တွင် လွတ်လပ်သော အလုပ်ရှင်၊ အလုပ်သမားအဖွဲ့များ ဖွဲ့စည်းထားနိုင်ပြီဖြစ်ကြောင်း နှင့် ထိုအဖွဲ့များအတွက် အချိန်ပေးရန်လိုကြောင်း တို့ကို ထည့်သွင်းဆွေးနွေးသွားကြောင်း သိရသည်။

အလုပ်သမားအဖွဲ့ ၁၂၈ ဖွဲ့နှင့် အလုပ်သမားအဖွဲ့ချုပ် ၁ ဖွဲ့၊ အခြေခံ အလုပ်ရှင် အဖွဲ့အစည်း ၁၁ ဖွဲ့၊ အလုပ်ရှင် အဖွဲ့ချုပ် ၁ ဖွဲ့တို့သည်လည်း အသိအမှတ်ပြု လက်မှတ်များ ရရှိထားပြီး အလုပ်သမားဥပဒေ နည်းဥပဒေများအရ ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် အလုပ်ရှင် အလုပ်သမားကြား ညှိနှိုင်းဆောင်ရွက်ပေးရာတွင် အလုပ်ရှင်များ၏ လိုက်လျောမှုကို ကျေနပ်ပြီး အလုပ်ဝင် မယ့် အလုပ်သမားများနှင့် ကျေနပ်မှုမရှိသေး၍ ဆက်လက်တောင်းဆိုလိုသော အလုပ်သမားများအကြား ခိုက်ရန်ဖြစ်ပွားကြသည့် အတွက် ဖြေရှင်းဆောင်ရွက်ရင်း ထိခိုက်နစ်နာမှု ဖြစ်ခဲ့သော အလုပ်သမားအရာရှိများလည်း ရှိခဲ့သည်ဟု ဦးအောင်သိန်းလင်းက ပြော ဆိုသွားသည်။

ယခု ကျင်းပနေသော လွှတ်တော်တွင် အနိမ့်ဆုံး လုပ်ခလစာ ဥပဒေကြမ်း အတည်ပြုနိုင်ရေး ဆွေးနွေးရန် ရှိကြောင်းလည်း သိရ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading