သတင်းတို

ဒေါ်အောင်ဆန်းစုကြည်နှင့် ကင်တာနာ တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာနှင့် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံ ဆွေးနွေးကြောင်း သတင်းရ သည်။ အချိန် ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးမှုသည် ရခိုင်ပြည်နယ် အရေးကိစ္စ ပါဝင်ကြောင်း ကြားသိရသော်လည်း အသေး စိတ် သတင်း ထုတ်ပြန်ခြင်းမရှိပေ။ မစ္စတာ ကင်တာနာ သည် အင်္ဂါနေ့က ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သေးသည်။ ၎င်း၏ ဇူလိုင် ၃၀ ရက်မှ စတင်သည့် မြန်မာနိုင်ငံ ခရီးစဉ်သည် သြဂုတ် ၄ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။

Loading