မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော သွင်းကုန်ပိတ်ဆို့မှု အရေးယူ ဒဏ်ခတ်ခြင်းကို တနှစ် ထပ်မံ သက်တမ်းတိုးရန် အမေရိကန် လွှတ် တော် နှစ်ရပ်က ယမန်နေ့တွင် အတည်ပြုလိုက်သည်။ ယင်း ဒဏ်ခတ်မှုကို ၂၀၀၃ ခုနှစ်က မြန်မာပြည် လွတ်လပ်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေ ပြဌာန်း၍ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ မကြာသေးခင်က မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချဲလ် က အမေရိကန် အစိုးရအနေနှင့် မြန်မာအပေါ် အရေးယူ ဒဏ်မှုများ လျှော့ချရန် စဉ်းစာနေကြောင်း ပြောဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။