မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်များကို အကာအကွယ်ပေးရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးသို့ အမေရိကန်နိုင်ငံ ဝါရှင် တန် အခြေစိုက် အစ္စလမ် အဖွဲ့တဖွဲ့ဖြစ်သော Council on American-Islamic Relations (CAIR) အဖွဲ့က စာရေးသားပေးပို့၍ တိုက်တွန်း လိုက် သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျူးလွန်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံးသတ်ရန်၊ နိုင်ငံ တကာမှ အကူ အညီ ပေးရေးအဖွဲ့များနှင့် စောင့်ကြည့်လေ့လာသူများကို ခွင့်ပြုရန် တိုက်တွန်းထားသော စာကို မြန်မာ သမ္မတ ဦးသိန်းစိန်သို့ လည်းကောင်း၊ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသူများကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးရန်စာကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ သို့ လည်းကောင်း ပေးပို့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။