သတင်းတို
ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် စက်ရုံ မီးလောင်ပေါက်ကွဲမှု ဖြစ်
This article has been converted from Zawgyi One to Unicode
မကွေးတိုင်း ချောက်မြို့ရှိ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် စက်ရုံ ယမန်နေ့ မွန်းလွဲပိုင်းက မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရ သည်။ ယင်းသို့ ဖြစ်ပွားမှုကြောင့် ဝန်ထမ်းတချို့ ဒဏ်ရာရမှုရှိပြီး အပျက်အစီး အနည်းငယ် ရှိကြောင်း၊ ဒဏ်ရာရသူ တဦးကို ချောက်မြို့ ဆေးရုံသို့ ပို့ထားကြောင်း၊ ချောက်၊ ညောင်ဦး နှင့် ကျောက်ပန်းတောင်းမြို့များမှ မီးသတ်ကားများ ရောက်လာပြီး ငြှိမ်းသတ် မှုကြောင့် ညနေ ၆ နာရီ ခန့်တွင် မီးငြိမ်းသွားကြောင်း မြဝတီ သတင်းဌာန ဖေ့စ်ဘုတ် စာမျက်နှာ၌ ဖော်ပြထားသည်။