သတင်းတို

ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင်ပြည်နယ် ရောက်ရှိ

This article has been converted from Zawgyi One to Unicode

ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ရခိုင်ပြည်နယ်သို့ ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကြောင်း သတင်းရသည်။ ၎င်းနှင့် ဝန်ကြီး တချို့ ပါဝင်သော အဖွဲ့သည် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် စစ်တွေမြို့သို့ ရောက်ရှိလာပြီး မောင်တောမြို့သို့ ဆက်လက် ထွက်ခွာသွားကြောင်း၊ ဒုက္ခသည်များအား အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရေးများ အတွက် လာရောက် လေ့လာခြင်း ဖြစ်ကြောင်း၊ ၂ ရက်ကြာ ယခုခရီးစဉ်အတွင်း ဒုက္ခသည်စခန်းများသို့လည်း သွားရောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြန်ကြားရေးအဖွဲ့က ပြောသည်။

Loading