သတင်းတို
ရန်ကုန် UNHCR ရုံးရှေ့ ဆန္ဒပြ
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့မြေနီကုန်းရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ရှေ့တွင် လူ ၃၀ ခန့်က ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ အရေးနှင့်ပတ်သက်ပြီး ပြောကြားသည့် သမ္မတကြီး ဦးသိန်းစိန်အား တခဲနက် ပြတ်ပြတ်သားသား ထောက်ခံပါသည် ဆိုသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒပြကြောင်း သတင်းရသည်။ ဦးသိန်းစိန်က ရခိုင်ပြည်နယ်အတွင်းရှိ ယင်းဘင်္ဂါလီ ဒုက္ခသည် များမှာ မြန်မာနိုင်ငံသား မဟုတ်ကြောင်းနှင့် တတိယနိုင်ငံ ပို့ဆောင်ရေး အတွက် UNHCR အကြီးအကဲ Antonio Guterres နှင့် ဇူလိုင်လ အတွင်းက တွေ့ဆုံရာတွင် ပြောဆိုခဲ့ဖူးသည်။