သတင်းတို

ကိုဖြိုးဝေအောင် လွတ်ပြီ

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့ X2O သင်္ကြန် မဏ္ဍပ် ဗုံးဖောက်ခွဲမှုနှင့် သေဒဏ်ချမှတ် ခံထားရသူ ကိုဖြိုးဝေအောင်ကို ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။ ၂၀၁၀ သင်္ကြန်ကာလ ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး မေလ ၂၀၁၂ တွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော ကိုဖြိုးဝေအောင်သည် ကင်ဆာ ရောဂါကြောင့် အောက်ပိုင်းသေသွား၍ အင်းစိန် ဆေးရုံတွင် ဆေးကုသ ခံနေရသူဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တာနာ က ဇူလိုင် ၃၀ ရက်နေ့တွင် ၎င်းအား အင်းစိန်ဆေးရုံ ၌ သွားရောက်တွေ့ဆုံခဲ့သည်။

Loading