နိုင်ငံတော်အဆင့် ဆန်စပါးကဏ္ဍ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတရပ်ကို နေပြည်တော်၌ လာမည့် စက်တင်ဘာလအတွင်း ကျင်းပ ရန်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း က ပြောသည်။ အဆိုပါ ဆွေးနွေးပွဲကို သမ္မတရုံး ဝန်ကြီးဌာနက ဦးဆောင် ပြုလုပ် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ တဝန်းလုံးရှိ လယ်သမားအရေး ကိစ္စများ၊ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးများနှင့် ပြည်ပသို့ ဆန်စပါးတင်ပို့မှုဆိုင်ရာ ကိစ္စရပ်များအပါအဝင် ပြည်တွင်းဆန်စပါးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စုပေါင်း ဆွေးနွေးသွားကြမည် ဖြစ်သည်ဟု ဆိုသည်။ ယင်း ဆွေးနွေးပွဲအတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန က မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းမှ တာဝန်ရှိသူများကို သြဂုတ် ၁ ရက်နေ့က ခေါ်ယူကာ အစည်း အဝေး ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။