ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးသည် ဆွေးမျိုးပေါက်ဖော် အဆင့်မှ မဟာဗျူဟာ ဆက်ဆံရေး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ် နိုင်ငံ ယူနန်ပြည်နယ်သို့ ဖောက်လုပ် သွယ်တန်းနေသော ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ် ဖော်ဆောင်နေကြောင်း၊ အလားတူ နောင်ကာလများတွင်လည်း နှစ်နိုင်ငံ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မိသားစုဝင်များအတွက် ပညာသင် ထောက်ပံ့ငွေ ကျပ် သိန်း ၅၀ ပေးအပ်ပွဲတွင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ဒေါက်တာ စိုင်းမောက်ခမ်းသည် သြဂုတ်လ ၃ ရက် နှင့် ၄ ရက်တွင် ရခိုင်ပြည်နယ်၏ အခြေအနေများကို လေ့လာသည့် ခရီးစဉ် သွားရောက်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။