သတင်းတို
ရခိုင်ဒေသအရေး လွတ်လပ်သည့် စုံစမ်းရေးပြုလုပ်ရန် ကုလသမဂ္ဂ ပြော
This article has been converted from Zawgyi One to Unicode
Want create site? Find Free WordPress Themes and plugins.
ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောဆိုလိုက်သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင် ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက်လည်း စိုးရိမ်ကြောင်း သြဂုတ်လ ၄ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ ၎င်းသည် ဇူလိုင်လ ၃၁ ရက်မှ သြ ဂုတ်လ ၁ ရက်အထိ ရခိုင်ပြည်နယ်သို့ သွားရောက် လေ့လာခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခြင်း ဖြစ်သည်။ မစ္စတာ ကင်တာနာ သည် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်အထိ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ သို့ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
Did you find apk for android? You can find new Free Android Games and apps.