ကရင်အမျိုးသား အစည်းအရုံး(KNU) အဖွဲ့နှင့် ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ စက်မှု ဝန်ကြီး ဦးစိုးသိန်း တို့ ဦးဆောင်သော အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သည် ယမန်နေ့က ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင် တွေ့ဆုံကြောင်း သတင်းရသည်။ ယခုတွေ့ဆုံမှုသည် နောက်တကြိမ် ဆွေးနွေးပွဲအတွက် ကြိုတင် ညှိနှိုင်းရန်အတွက် ဖြစ်ကြောင်း သိရသည်။ တွေ့ဆုံပွဲပြီးနောက် အစိုးရငြိမ်းချမ်းရေး အဖွဲ့သည် မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင် ၏ မယ်တော် ဆေးခန်း သို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။