မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံတဝန်းရှိ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်၊ ချင်းတွင်း၊ ပဲခူး ၊ ငဝန် စသည့်မြစ်များ၏ မြစ် ရေကြီးမှု သတင်းများကို သက်ဆိုင်ရာ က ယခုလဆန်းပိုင်းမှ စတင်၍ ယနေ့အထိ ဆက်တိုက် ထုတ်ပြန်ပေးလျက်ရှိရာ ယမန်နေ့ညနေ ပိုင်း တိုင်းထွာချက်အရ ဧရာဝတီ မြစ်ရေသည် ဟင်္သာတ မြို့၌ စိုးရိမ်ရေမှတ် ၄၄ ပေမှ ၄၅ ပေသို့ ကျော်လွန်ရောက် ရှိနေ သည်ဟု ဆိုသည်။ ထို့ကြောင့် တာဝန်ရှိသူများက ရေကင်းများ ချ၍ စောင်ကြည့်မှုများ ပြုလုပ်နေကြောင်း၊ ဧရာဝတီ မြစ်ရေ မြင့် တက်မှုကြောင့် ပခုက္ကူ ကျေးရွာတချို့လည်း မြစ်ရေ ဝင်ရောက်နေကြောင်း၊ စစ်တောင်းမြစ်နှင့် ပဲခူးမြစ် ရေလျှံမှုကြောင့် ပဲခူးတိုင်း အတွင်းရှိ ညောင်လေးပင်၊ မဒေါက် မြို့များတွင် ရေဘေးကြုံနေကြောင်း၊ လဆန်းပိုင်းကလည်း သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ကရင်ပြည် နယ် ဘားအံမြို့ အနိမ့်ပိုင်းရပ်ကွက်များ ပြောင်းရွှေ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်နေ၍ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်နိုင်ပြီး လေတိုက်နှုန်း တနာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုး/ဇလ ဌာန က ထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။