ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်တွင် ယမန်နေ့ က မီးရှို့ အကြမ်းဖက်မှု ဖြစ်ပွား၍ ဆန်စက် တစက်နှင့် အိမ်ခြေ ၃၀ ခန့် မီးလောင် ပျက်စီးသွားကြောင်း သတင်းရသည်။ ကျောက်တော်မြို့နယ်ရှိ အပေါက်၀ ကျေး ရွာနှင့် လက်ပန်တောင်း ပိတ်သေ ကျေးရွာများတွင် မီးရှို့မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကျေးရွာများတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ နေထိုင်ကြကြောင်း ဒေ သခံများက ပြောသည်။ AFP သတင်း၌မူ လူ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း အစိုးရ တာဝန်ရှိသူကို ကိုးကား၍ ရေးထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။