လွှတ်တော် ကိုယ်စားလှယ်များ၏ လုံခြုံရေး တိုးမြှင့်သည့်အနေဖြင့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အဆောက် အအုံ အဝင်ဝတို့တွင် X Ray စက်များ တပ်ဆင် စစ်ဆေးနေကြောင်း သိရသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအကြိမ် ပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့ အစီအစဉ်ကို ယနေ့ နေ့လယ် ၁ နာရီ အချိန်တွင် စတင်ကျင်းပရာ ကိုယ်စားလှယ်များ ယင်းလုံခြုံရေး အစီအစဉ်ကို ဖြတ်သန်းကြရသည်ဟု လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။