• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပဋိပက္ခစုံစမ်းရေး မြန်မာအစိုးရလက်ခံရန် OIC တောင်းဆို

by ဧရာဝတီ
6 August 2012
in သတင်း
A A
ပဋိပက္ခစုံစမ်းရေး မြန်မာအစိုးရလက်ခံရန် OIC တောင်းဆို

ရိုဟင်ဂျာအရေး သမ္မတဦးသိန်းစိန်ကို ထောက်ခံကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် ဆန္ဒပြနေစဉ် (ဓာတ်ပုံ- ဧရာဝတီ)

4.8k
VIEWS
Share on FacebookShare on Twitter

၅၇ နိုင်ငံဖွဲ့စည်းထားသော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအသင်း Organisation of Islamic Cooperation (OIC) က ရခိုင်ပဋိပက္ခများနှင့် ပတ်သက်၍ အချက်အလက်ရှာဖွေ စိစစ်ရန် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်ရန် ရှိပြီး မြန်မာအစိုးရက လက်ခံခွင့်ပြုရန် တောင်းဆိုလိုက်သည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျဒါ္ဒမြို့တွင် တနဂ်နွေနေ့က ကျင်းပသော အလုပ်အမှုဆောင်အဖွဲ့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ကြေညာရာ OIC အထွေထွေအတွင်းရေးမှူး မစ္စတာ အက်မီလဒ်ဒင် အီစနိုဂလူးက “ရိုဟင်ဂျာ လူနည်းစုများ၏ ဒုက္ခကို လုံခြုံရေးကောင်စီ အနေဖြင့် အာရုံစိုက်လာရေး တိုက်တွန်းရန် ကုလသမဂ္ဂရှိ မိမိတို့၏ ရုံးများကို ညွန်ကြားထားသည်” ဟု ဆိုသည်။

RelatedPosts

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

18 June 2025
648
ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
253
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
542

OIC ၏ ကြေညာချက်သည် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောဆိုလိုက်အပြီး ပေါ်ထွက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်အပတ် ရခိုင်အရေးအပါအဝင် လူ့အခွင့်အရေးအခြေအနေများကို စုံစမ်းရန် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားကို ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ ပြီးခဲ့ရက်ပိုင်းက သွားရောက်ခွင့်ပြုခဲ့သည်။

သြဂုတ်လ ၄ ရက်နေ့က ကျင်းပသော မင်္ဂလာဒုံ လေဆိပ် သတင်းစာ ရှင်းလင်းပွဲတွင် ကင်တားနားက ရိုဟင်ဂျာများနှင့်ပတ်သက်သည့် ပြောဆိုဝေဖန်နေမှုများကို အတည်ပြုရန် မိမိအနေဖြင့် တာဝန်မရှိကြောင်း၊ အစိုးရ၏ စုံစမ်းရေးကော်မရှင်အနေဖြင့် တာဝန်ယူမှုနှင့် တာဝန်ခံမှုတို့ လိုအပ်ကြောင်း၊ ပုံကြီးချဲ့ခြင်းနှင့် ဖုံးဖိခြင်းများသည် မယုံကြည်မှု၊ တင်းမာမှုတို့ကိုသာဖြစ်စေသဖြင့် ရင်ကြားစေ့ရေးအတွက် မကောင်းကြောင်း ပြောဆိုသည်။

ထို့ပြင် ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ပိုင်ခွင့်အပေါ် ကန့်သတ်ထားသော ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြင်ဆင်သင့်ကြောင်းလည်း အကြံပြုပြောဆိုသည်။

တချိန်တည်းမှာ ကမ္ဘာ့မူဆလင်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ ဆူဆီလို ယူဒိုယူနိုက ရခိုင် ပဋိပက္ခများအား မြန်မာအစိုးရက အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနေကြောင်း ထုတ်ပြန် ပြောဆိုလိုက်သည်။

ရခိုင် ပဋိပက္ခသည် ဘာသာရေးပဋိပက္ခ မဟုတ်ဘဲ ဒေသတွင်း လူုအုပ်စုကြား ဖြစ်ပွားတတ်သည့် ပဋိပက္ခ သာဖြစ်ပြီး အကြောင်းတိုက်ဆိုင်စွာဖြင့် ရိုဟင်ဂျာများက မူဆလင်ဖြစ်ပြီး ရခိုင်များက ဗုဒ္ဓဘာသာ ဖြစ်ကြောင်းလည်း အင်ဒိုနီးရှားသမ္မတက ဆိုသည်။

ထို့ပြင် ရိုဟင်ဂျာများသည် ဘဂ်လားဒေ့ရှ် ဇာတိဖြစ်ကြောင်း၊ သို့ရာတွင် မျိုးဆက်လေးဆက် နေထိုင်လာသော ၎င်းတို့ကို မြန်မာ အစိုးရက တိုင်းရင်းသားစာရင်းတွင် ထည့်သွင်းမှု မရှိသေးကြောင်း၊ ရိုဟင်ဂျာဒုက္ခသည်များကို ကူညီထောက်ပံ့ကြရန် တိုက်တွန်းကြောင်းလည်း ဆိုသည်။

အင်ဒိုနီးရှား သမ္မတ၏ ကြေညာချက်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင်ကျင်းပခဲ့သည့် OIC ဖော်ရမ်ကို တက်ရောက်ခဲ့သော အင်ဒိုနီးရှား ကြက်ခြေနီဥက္ကဌ ယခင် ဒု-သမ္မတ ယူစွပ်ကယ်လာ၏ ရိုဟင်ဂျာများအား ထောက်ပံ့ကူညီရန် ဆော်ဩမှုအပြီး ပေါ်ထွက်လာခြင်းဖြစ်သည်။

စနေနေ့က ထုတ်ပြန်သည့် အီဂျစ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်ကလည်း “မြန်မာပြည်တွင် မူဆလင်များကို အကြမ်းဖက်တိုက်ခိုက်မှု များကို ရှုတ်ချကြောင်း” ဆိုသည်။ အီဂျစ်သံတမာန်များအနေဖြင့် “နှစ်ဖက် အပျက်အဆီးများအကြား ကွာဟချက်ကြီးပြီး မူဆလင်ရပ်ကွပ်များ ပို၍ အကြမ်းဖက်ခံရ အပျက်အဆီးပိုများသည်မှာ ရှင်းလင်းစွာ တွေ့မြင်ခဲ့သည်” ဟုလည်း ဆိုသည်။

ကင်တားနားနှင့်အတူ ရခိုင်ဒေသသို့ သွားရောက်ခဲ့သည့် သံတမန်အဖွဲ့တွင် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ လာအို၊ ကမ္ဘောဒီးယား၊ အီဂျစ်၊ ဘရာဇီး၊ အိန္ဒိယ၊ သီရိလကင်္ကာ စသည့် နိုင်ငံတကာ သံတမန်များ ပါဝင်သည်။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာသံရုံးရှေ့ ဆန္ဒပြသူများ၏ ဒေါသကို စာနာနားလည်ကြောင်း၊ သို့သော် သံတမာန်များ၏ လုံခြုံရေးကို အီဂျစ်အစိုးရက ကာကွယ်ပေးရမည်ဖြစ်ပြီး သံတမာန်ရေးဖြေရှင်းမှုများကို လေးစားရမည်ဟုလည်း ဆိုသည်။

ယမန်နှစ်က ကိုင်ရိုရှိ အစ္စရေးနှင့် ဆီးရီးယား သံရုံးများကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်းခဲ့ဖူးသည်။

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
သမ္မတနှင့် တွေ့ဆုံဆွေးနွေးမှု နိုင်ငံရေးပါတီများ အားရ

သမ္မတနှင့် တွေ့ဆုံဆွေးနွေးမှု နိုင်ငံရေးပါတီများ အားရ

ဒေါက်တာ စင်သီယာမောင်နှင့် ကျန်းမာရေး ဝန်ကြီးဌာန အဖွဲ့များတွေ့ဆုံ

ဒေါက်တာ စင်သီယာမောင်နှင့် ကျန်းမာရေး ဝန်ကြီးဌာန အဖွဲ့များတွေ့ဆုံ

Please login to join discussion
No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate