• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမ္မတနှင့် တွေ့ဆုံဆွေးနွေးမှု နိုင်ငံရေးပါတီများ အားရ

by ရန်ပိုင်
6 August 2012
in သတင်း
A A
သမ္မတနှင့် တွေ့ဆုံဆွေးနွေးမှု နိုင်ငံရေးပါတီများ အားရ

နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့စဉ် သမ္မတ ဦးသိန်းစိန်ကို ဤသို့တွေ့ရသည် (ဓာတ်ပုံ - နိုင်ငံတော် သမ္မတရုံး ဝက်ဘ်ဆိုက်မှ)

4k
VIEWS
Share on FacebookShare on Twitter

သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံကာ နိုင်ငံရေး၊ စီးပွားရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကဏ္ဍများအပေါ် ဆွေးနွေးရခြင်းနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ များက ကျေနပ် အားရကြောင်း ပြောဆိုသည်ဟု သိရသည်။

ပြီးခဲ့သည့် စနေနေ့က နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ကရင်ပြည်သူ့ တိုးတက်ရေးပါတီ၊ မြန်မာလူ့ဘောင်သစ် ဒီမို ကရက်တစ် ပါတီ၊ အမျိုးသားဒီမိုကရေစီသစ် ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီစသည့် ၁၄ ပါတီမှ ပါတီခေါင်းဆောင်များတို့က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
20
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
51
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
281

SNLD ပါတီက ပြည်တွင်း ငြိမ်းချမ်းရေးကို တနိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ရန်၊ လက်နက်ကိုင်အဖွဲ့ ကြီးငယ်မဟူ တပြေး ညီ ဆက်ဆံရန်၊ သံလွင်မြစ်အရှေ့ဘက် ကမ်းတွင် တရုတ် စကားပြောသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့အစည်းများ စိမ့်ဝင် နေမှုကို တားဆီးပေးရန်၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအား လာမည့် ၂၀၁၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်း၌ အခက်အခဲမရှိ ပါဝင်နိုင်စေရန်၊ တိုင်းရင်းသား ဘာသာစကားကို သင်ရိုးညွှန်းတမ်းတွင် ပြဋ္ဌာန်းရန်တို့ကို တင်ပြခဲ့ကြောင်း ပါတီပြောရေး ဆိုခွင့်ရှိသည့် ဦးစိုင်းလိတ်ကဆိုသည်။

“သန်းခေါင်စာရင်း၊ မှတ်ပုံတင်ကိစ္စမှာ အခက်အခဲမရှိအောင် ကူညီမယ်ပြောတယ်၊ သံလွင် အရှေ့ဘက်ကမ်းက လက်နက်ကိုင် ကိစ္စကို သူလည်း သတိထားမိတယ်။ အခုဆိုရင် ၀ ဒေသမှာ တရုတ်ဆိုင်းဘုတ်တွေ ဖြစ်နေပြီလို့ဆိုတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသား ဘာသာစကားများကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းရေးမှာ မြန်မာနိုင်ငံတွင် တိုင်းရင်းသား ပေါင်းစုံ နေထိုင်သည့် အတွက် မဖြစ်နိုင်ကြောင်း၊ ကျောင်းချိန်ပြင်ပတွင်သာ သင်စေလိုကြောင်း ဦးသိန်းစိန်က ပြန်လည်ပြောဆိုသည်ဟု သိရသည်။

မြန်မာနိုင်ငံသည် လူဦးရေ အင်အားကြီးသည့် အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား တည်ရှိသည့်အတွက် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ပြဿနာများကို သင်ခန်းစာယူကာ လာမည့် ၂၀၁၄ ခုနှစ်တွင် ပြုလုပ်မည့် သန်းကောင်စာရင်းကောက်ခံသည့် ကိစ္စကို သေချာစွာ စိစစ်ရန်လည်း SNLD ပါတီအနေဖြင့် ပြောဆိုခဲ့သည်ဟု ဦးစိုင်းလိတ်က ဆိုသည်။

ALD ပါတီခေါင်းဆောင် ဦးအေးသာအောင် ကလည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်သည် အစိုးရအဖွဲ့ အောက်ခြေပိုင်းတွင် အားနည်း နေသေးသဖြင့် ပိုမိုဖြစ်ထွန်းရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရန်၊  ပြည်တွင်းစစ်ကို သင်ခန်းစာယူပြီး ပင်လုံ ညီလာခံကဲ့သို့ တိုင်းရင်းသား ပေါင်းစုံပါဝင်သည့် ညီလာခံတခု ခေါ်ယူရန်၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုသည်  ဘာသာရေးပဋိပက္ခကြောင့် မဟုတ်ဘဲ တဘက်နိုင်ငံမှ ခိုးဝင်လာသည့် ဘင်္ဂါလီများက ရခိုင်ပြည်နယ်ကို လွှမ်းမိုးရန် ကြိုးစားခြင်း ဖြစ်သောကြောင့် နိုင်ငံတော် လုံခြုံရေး၊ အမျိုးသားရေးတို့ကို အလေးအနက်ထားရန် တင်ပြခဲ့သည်ဟု ပြောပြသည်။

“လူဦးရေ အားကိုးနဲ့ မွတ်စလင်ပြည်နယ် လုပ်ချင်တာပါ။ ကျနော်တို့မှာ လူအခွင့်အရေး စာနာမှုရှိပါတယ်၊ ဒါပေမယ့် ဒီတခုတည်းကို ကြည့်လို့မရဘူး။ နိုင်ငံတော်လုံခြုံရေးနဲ့ ကြည့်ရမယ်၊ သမ္မတ ဦးသိန်းစိန် ပြောခဲ့တဲ့ အချက်သုံးချက်ကို ထောက်ခံတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်၏ စီးပွားရေးမှာ လယ်ယာ စိုက်ပျိုးရေးနှင့် ငါးဖမ်းခြင်းအပြင်၊ ကူးသန်းရောင်းဝယ်ရေးကို အားထားနေရပြီး လက်ရှိ အခြေအနေတွင် ကူးသန်းရောင်းဝယ်ရေး ပျက်ပြားနေကြောင်း၊ ထို့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို  ရခိုင်ပြည်နယ် အတွင်း ဖော်ဆောင်ပေးရန်၊ ရခိုင်ကျေးရွာများကို ကာကွယ်ရန် ပြည်သူ့စစ် ထားပေးရန်တို့ကို တင်ပြခဲ့ကြောင်း ဦးအေးသာအောင်က ပြောသည်။

ကျန် တိုင်းရင်းသား ပါတီများဖြစ်သည့် ချင်း တိုးတက်ရေးပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်နှင့် မွန်ဒီမိုကရေစီ ပါတီတို့ကလည်း ပြည်တွင်းစစ် ရပ်စဲရေး၊ တိုင်းရင်းသားများကို အခြေခံသည့် ညီလာခံ ခေါ်ယူရေး၊ ပင်လုံမူကို အခြေခံကာ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရေးဆိုသည့် သဘောထားများကို ထောက်ခံ ဆွေးနွေးကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမှုကို ကျေနပ်အားရကြောင်း၊ သမ္မတကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဖြစ်နိုင်ကြောင်း၊ ငြိမ်းချမ်းရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်နေပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့်လည်း ဆက်လက်ဆွေးနွေးကာ ငြိမ်းချမ်းရေးကို တည်ဆောက်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် အမျိုးသားရေး ဖြစ်သည့် အတွက် အလေးထားကာ သိမ်သိမ်မွေ့မွေ့ နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြောင်း ပြောသည်ဟု ပါတီ ခေါင်းဆောင်များက ဆိုသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကလည်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေး ဖောင်းပွမှုတို့ကြောင့် ပြည်သူများကို ထိခိုက်ပြီး စီးပွားရေးအကျပ်အတည်းမှ နိုင်ငံရေး အကျပ်အတည်းကို ဦးတည်စေမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ဆိုင်သော ကိန်းဂဏန်းများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန်လိုပြီး တိုင်းပြည်စီးပွားရေး အကောင်အထည် ဖော်ရာတွင် ဆုံးရှုံးလေလွင့်မှုများ မရှိရန် တတ်သိနားလည်သည့် ပညာရှင်များနှင့် စောင့်ကြည့်လေ့လာရေး အဖွဲ့များ ထားသင့်ကြောင်း၊ ပညာရေး ကဏ္ဍတွင်
အသုံးစရိတ် မြှင့်တင်ရန်နှင့် ပြင်ပတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး လိုကြောင်း၊ ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့များနှင့်လည်း ထိတွေ့ဆက်ဆံမှုများ ရှိလာပြီဖြစ်ရာ အဆိုပါ ကဏ္ဍများတွင် စီးပွားရေး ကျွမ်းကျင်သည့် မြန်မာပညာရှင်များကို ခန့်ထားရန်တို့ကို တင်ပြဆွေးနွေးကြောင်း အတွင်းရေးမှူး ဦးဟန်ရွှေက ဧရာဝတီသို့ပြော သည်။

သမ္မတ ဦးသိန်းစိန်ကလည်း ပြည်ပရင်းနှီးမြုပ်နှံမှု (FDI)များနှင့် ပတ်သက်ပြီး တိုင်းပြည် နစ်နာမှုမရှိစေရန် မြန်မာ့စီးပွားရေး ရင်းနှီး မြှုပ်နှံမှု ကော်မရှင်ကို ဝန်ကြီး ၇ ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကြမ်းကိုလည်း ပြည်ပနိုင်ငံများနှင့် လိုက် လျောညီထွေ ဖြစ်ရန် ရေးဆွဲပြီး လွှတ်တော်တွင် တင်ပြထားရာ မကြာမီ အတည်ပြုပေးတော့မည် ဖြစ်ကြောင်း၊ နိုင်ငံရေး ပါတီများကလည်း ဝိုင်းဝန်းကူညီ လုပ်ဆောင်ကြမည်ဆိုလျှင် မြန်မာပြည်သည် ၅ နှစ်တာအတွင်း တိုးတက်လာမည် ဖြစ်ကြောင်း ပြန်လည်တုံ့ပြန် ခဲ့သည်ဟု သိရသည်။

Your Thoughts …
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဒေါက်တာ စင်သီယာမောင်နှင့် ကျန်းမာရေး ဝန်ကြီးဌာန အဖွဲ့များတွေ့ဆုံ

ဒေါက်တာ စင်သီယာမောင်နှင့် ကျန်းမာရေး ဝန်ကြီးဌာန အဖွဲ့များတွေ့ဆုံ

ဂျာနယ် ၂ စောင် ပြန်ထုတ်ခွင့် ရပြီ

ဂျာနယ် ၂ စောင် ပြန်ထုတ်ခွင့် ရပြီ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate