သတင်းတို
မြန်မာ အာဏာပိုင်များ လူမျိုးဘာသာ မခွဲခြားရန် ပြင်သစ် ပြော
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှု ပဋိပက္ခများနှင့် ပတ်သက်ပြီး လူမျိုးဘာသာ မခွဲခြားဘဲ ဒေသခံများကို အကာ အကွယ် ပေးရန် ပြင်သစ်နိုင်ငံက မြန်မာ အာဏာပိုင်များကို ပြောဆိုလိုက်သည်။ ဒေသတွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်းနှင့် ဖြစ်ရပ်မှန်ကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရန်များကိုလည်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Vincent Floreani က ပြောကြားသည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ရေးသား ထား သည်။