တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော် တွင် ကြေညာသည်ဟု သတင်းရသည်။ ယင်းကော်မတီကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌ တာဝန်မည် ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(ပုသိမ်မြို့)မှ ဦးဝင်းမြင့်က အတွင်းရေးမှူး တာဝန်မည်ဖြစ်သည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက ကြေညာကြောင်းလည်း သိရ သည်။ အဖွဲ့ဝင် ၁၅ ဦး ပါရှိသည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။