ထိုင်း လေကြောင်းလိုင်းတလိုင်း ဖြစ်သည့် Air Asia လေကြောင်းလိုင်းက လာမည့် အောက်တိုဘာလတွင် မြန်မာနိုင်ငံ မန္တလေးမြို့နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်း လေဆိပ်ကို တပတ်လျှင် ၄ ကြိမ် ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ ပုဂံ နှင့် နေ ပြည်တော်ကိုလည်း ခရီးစဉ်တိုးချဲ့ရန် စီစဉ်နေကြောင်း၊ ခရီးသည် ၁၈၉ ဦးလိုက်ပါစီးနင်းနိုင်သော Airbus A 320 အမျိုးအစား လေယာဉ်များဖြင့် ပြေးဆွဲမည် ဖြစ်ကြောင်းTravel Daily News အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။ လက်ရှိတွင် ရန်ကုန်-ဘန်ကောက်ကို နေ့စဉ် ပြေးဆွဲနေကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။