ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက NLDပါတီဝင် လွှတ်တော် ကိုယ်စားလှယ် တချို့၏ တင်ပြချက်များအား တားမြစ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကြောင်း သိရသည်။ မကြာသေးခင်က ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် NLDပါတီ အမတ်၂ ဦးဖြစ်သည့် ဦးအုန်းကြိုင်၊ ဦးမင်းသူ တို့ကို ပုဂ္ဂိုလ် တဦးတယောက်နှင့် ပတ်သက်၍ လွှတ်တော် ဥပဒေများအရ ဆွေးနွေးခွင့်မရှိဟု ထောက်ပြ သတိပေးခဲ့ခြင်း အပေါ် ရှင်းလင်း ပြောကြားခြင်း ဖြစ်သည်ဟု NLDပါတီ ကျောက်ပန်းတောင်း မြို့နယ် ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် က ပြောသည်။ ဦးရွှေမန်းက ကိုယ်စားလှယ်များ အနေဖြင့် ဆက်လက်ပြီး တက်ကြွစွာ ဆွေးနွေးရန်၊ လွှတ်တော် ပြန်လည်ကျင်းပသည်မှာ ၂၁ ရက်သာ ရှိသေးသော်လည်း ပိုမိုအသက်ဝင်လာကြောင်း ပြော သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။