သတင်းတို
မြန်မာ့ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးမှု UNESCO ကူညီမည်
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) ညွှန်ကြားရေးမှူးချုပ် Ms. Irina Bokova ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု နှင့် ဖွံ့ဖြိုးရေး အတွက် အကူအညီများ ပေးမည်ဖြစ်ကြောင်း၊ နည်းပညာ အကူအညီပေးရန်နှင့် မီဒီယာသမားများ စွမ်းရည်မြှင့်တင်ရေးများ အတွက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း UNESCO ညွှန်ကြားရေးမှူးချုပ် က ပြောကြားသည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြသည်။ UNESCO ညွှန်ကြားရေးမှူးချုပ် Ms. Irina Bokova သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်ကြောင်း လည်း သိရသည်။ ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်သည် သြဂုတ် ၇ ရက်မှ ၁၀ ရက်အထိဖြစ်သည်ဟု UNESCO က သတင်း ထုတ်ပြန်ထားသည်။