ရှစ်လေးလုံး အရေးတော်ပုံ ၂၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန်၊ မန္တလေး၊ ပြည် စသည့် မြို့ကြီးများ အပါအဝင် နယ်မြို့များတွင် ယနေ့ ကျင်းပကြောင်း သတင်းရသည်။ မန္တလေးမြို့တွင် ရောက်ရှိနေသော ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကို ဝန်ကြီး ဦးစိုးသိန်းနှင့် ဦးအောင်မင်းက ရှစ်လေးလုံး အခမ်းအနားအတွက် ငွေ ကျပ် ၁၀ သိန်း ယမန်နေ့ ညနေပိုင်းက ပေး အပ် လှူဒါန်း ခဲ့သည်။ ထို့အပြင် ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနား ကျင်းပမည့် မန္တလေးမြို့ ဒကိ္ခဏာရာမ ဘုရားကြီး အလယ် တိုက်သို့ သွားရောက်၍ ဆရာတော် ဦးခေမာကို အလှူငွေ ဆက်ကပ်ကြောင်း၊ ယခု အလှူငွေ အကူအညီများသည် သမ္မတ ဦးသိန်းစိန် ၏ ခွင့်ပြုချက် အရ ဖြစ်ကြောင်း သိရှိရသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။