သတင်းတို

ရေကြောင်း ရဲ တပ်ဖွဲ့ ဖွဲ့စည်းမည်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ အနောက်ဘက်ကမ်းခြေနှင့် မြစ်ကြောင်းများ လုံခြုံရေးအတွက် ရေကြောင်း ရဲတပ်ဖွဲ့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရ သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လက်အောက်ခံ ရေကြောင်း ရဲတပ်ဖွဲ့ ဌာနချုပ်ကို နေပြည်တော်တွင် ရုံးစိုက်မည် ဖြစ်ပြီး ရန်ကုန်၊ ကျောက်ဖြူ၊ ထားဝယ် ဆိပ်ကမ်းများတွင် ရှိသည့် ရေကြောင်း ရဲတပ်ဖွဲ့များ နှင့် ပုသိမ်၊ မော်လမြိုင်၊ စစ်တွေ၊ သံတွဲ၊ မြိတ်၊ မန္တလေး၊ ဝမ်ပေါင်(မဲခေါင်) စသည့်နေရာများတွင် ထိုတပ်ဖွဲ့များကို ဖြန့်ကြက်ချထားပေးမည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေး ထား သည်။ ဇူလိုင်လ ၉ ရက်နေ့တွင် တရားဝင် ဖွဲ့စည်းမိန့် ထုတ်ပြန်ပြီး ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို က ယမန်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ ဖြေဆိုကြောင်းလည်း ပါရှိသည်။

Loading