သတင်းတို

ရိုဟင်ဂျာ ဒုက္ခသည်များအရေး ပါကစ္စတန် နှင့် ဆော်ဒီ စိုးရိမ်

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ လူမျိုးများအတွက် လွန်စွာ စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန် သမ္မတ အလီ ဇာဒါရီက သမ္မတ ဦးသိန်းစိန် ထံသို့ ယမန်နေ့က စာရေးသားပေးပို့၍ ပြောဆိုသည်ဟု သိရသည်။ ယင်းဒေသ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လျှင်မြန်စွာ ဆောင်ရွက်ပေးရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အစီအစဉ်များပြုလုပ်ရန်လည်း တိုက်တွန်းထား သည်။ အလားတူ ဆော်ဒီအာရေးဗီးယား နိုင်ငံ ဝန်ကြီးအဖွဲ့ကလည်း ရခိုင်ဒေသရှိ ရိုဟင်ဂျာ ဒုက္ခသည်များကို အကာအကွယ်ပေး ရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းကြောင်း အရှေ့အလယ်ပိုင်း သတင်းများက ဖော်ပြသည်။

Loading