မြန်မာနိုင်ငံဘက်က ထွက်ပြေးတိမ်းရှောင်လာသော ဘင်္ဂါလီ ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့များကို ဆက်လက် လုပ်ကိုင်ခွင့်ပြုရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ယမန်နေ့တွင် ဘင်္ဂလား ဒေ့ရှ် အစိုးရကို မေတ္တာ ရပ်ခံလိုက်သည်။ ပြီးခဲ့သည့် အပတ်အတွင်းက နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့(NGO) ၃ ဖွဲ့ကို ဘင်္ဂလား ဒေ့ရှ် က ပိတ်ပင်ခဲ့သည်။ အမေရိကန် အစိုးရကလည်း ယင်းအဖွဲ့များကို ဆက်လက် လုပ်ကိုင်ခွင့်ပြုရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုကြောင်း Reuters သတင်းတွင် ရေးထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။