သတင်းတို

ကင်တာနာ ထိုင်း-မြန်မာ နယ်စပ် သွားရောက်

This article has been converted from Zawgyi One to Unicode

ကမ္ဘာ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာသည် ယမန်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ သွားရောက်ကြောင်း သိရသည်။ မစ္စတာ ကင်တာနာသည် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP)အပါအဝင် နယ်စပ်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့များ၊ လူထုအခြေပြု လူမှုအဖွဲ့များ၊ တိုင်းရင်း သား အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး၍ သတင်းအချက်အလက်များ စုဆောင်းသွားသည်ဟု ဆိုသည်။

Loading