အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယဘက် မိုးရေးမြို့တွင်ထားမည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ရုပ်တု ကို ယနေ့ ဖွင့်လှစ်လိုက်သည်။ မြန်မာ့ဒီမိုကရေစီရေးအတွက် တစိတ်တဝမ်းတည်းရှိနေကြောင်း ပြသည့်အနေဖြင့် ၈၈ လူထု အုံကြွ မှု နှစ်ပတ်လည် နေ့တွင် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မြန်မာပြည် ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေသူများကို အားပေးသည့် အနေ
နှင့် မိုးရေးတွင် ထားရှိရန် ရွေးချယ်ရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ရုပ်တုထားရှိရေး ကြိုးပမ်းခဲ့သည့် မြန်မာ့ ဒီမိုကရေစီ ရေး အတွက် သွေးစည်းညီညွတ်ရေး ကော်မတီက ပြောသည်။ အိန္ဒိယနိုင်ငံ မဏိပူရ် အနုပညာကောလိပ်မှ ဒု ကျောင်းအုပ် ဆိုဘန်နီမိုင် ၏ လက်ရာ ၂.၅ ပေခန့် အမြင့်ရှိ ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်တပိုင်းပုံတူ ပလာစတာ ရုပ်တုကို မိုးရေးမြို့၏ လူမှုရေးသိပ္ပံ လေ့လာရေးဌာနတွင် ထားရှိမည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။