အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများကို ထုတ်ဖော်ကြေညာ၍ မှတ်တမ်းတင်ရန် အဆိုအား ဆက်လက်ဆွေးနွေးရန် ပြည်သူ့ လွှတ် တော် တွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲများ၍ ရှုံးသွားကြောင်း သိရသည်။ ကန့်ကွက်မဲ အများစုမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များက ပေးသော မဲများဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် တဦး က ပြောသည်။ ပုသိမ် မဲဆန္ဒနယ်မှ ဦးဝင်းမြင့် တင်သွင်းသည့် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုကို မဲခွဲ ဆုံးဖြတ်ခြင်း ဖြစ်သည်။ ဆက်လက်ဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာ၌ မဲပေးနိုင်သူ ၃၇၉ ဦး ရှိပြီး ၃၅၄ ဦး မဲပေးရာ ထောက်ခံမဲ ၆၈ မဲ ၊ ကန့်ကွက်မဲ ၂၇၁ မဲ နှင့် ကြားနေမဲ ၁၅ မဲ တို့ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဝက်ဘ်ဆိုက် တွင် ဖော်ပြ ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။