သတင်းတို

ရခိုင် ပဋိပက္ခ လေ့လာရန် တူရကီသံအဖွဲ့ မြန်မာပြည်ရောက်

This article has been converted from Zawgyi One to Unicode

ရခိုင် ပဋိပက္ခကို လေ့လာစုံစမ်းရန် တူရကီနိုင်ငံခြားဝန်ကြီး ဦးဆောင်သော သံကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ကို ရောက်ရှိနေသည်။ တူရကီမှ မထွက်ခွါမီ သတင်းထောက်များကို ပြောကြားရာတွင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အာမဒ်ဒါဗိုတော့ဂ်လူးက ရိုဟင်ဂျာများနှင့် ပတ်သတ်သောသတင်းများမှာ အမျိုးမျိုးဖြစ်နေကြောင်း ဆိုသည်။ ယခုခရီးစဉ်တွင် တူရကီဝန်ကြီးချုပ်ကတော်နှင့် သမီး၊ နိုင်ငံခြားရေးဝန်ကြီးကတော်တို့ ပါဝင်ပြီး တူရကီ ကြက်ခြေနီအသင်းမှ လှူဒါန်းသော ဆေးဝါးအထောက်အပံ့နှင့် လှူဒါန်းငွေများ ယူဆောင်လာသည်။

Loading