သတင်းတို

ရခိုင်ဒေသသို့ ဆေးရုံသုံးပစ္စည်းများ လှူဒါန်း

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ စားဖိုမှူးများအသင်းက ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော ဒေသများရှိ ဆေးရုံများ အတွက် ကျပ်သိန်း ၈၅၀ ကျော် တန်ဖိုးရှိသော ဆေးရုံသုံး ပစ္စည်းများကို ရန်ကုန် တာမွေလေးရပ်ကွက်မှာ ဖွင့်ထားသည့် အလိုတော်ပြည့် ကယ်ဆယ်ရေးအဖွဲ့မှတဆင့် မနေ့ညက လှူဒါန်းခဲ့ကြောင်း သိရသည်။ ဂျာမနီနိုင်ငံလုပ် ဆေးရုံသုံး ကုတင် ၈၁ လုံး၊ စားပွဲဗီရို ၄၈ လုံးတို့ကို လှူဒါန်းခြင်း ဖြစ်ပြီး ရခိုင်ဒေသတွင် နိုင်ငံတကာ အဆင့်မီ ဆေးရုံသုံးပစ္စည်းများ လိုအပ်နေသည့် အတွေက် လှူဒါန်းခြင်း ဖြစ်ကြောင်း၊ နောက်ထပ်လည်း လှူဒါန်းရန် ရှိသေးကြောင်း စားဖိုမှူးများ အသင်းအဖွဲ့ဝင် ဦးမြင့်မောင်ဌေးက ဆိုသည်။ မြန်မာနိုင်ငံရှိ ဆေးရုံများတွင် အသုံးပြုရန် ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံ စားဖိုမှူးအသင်းသို့ ဆေးရုံသုံးကုတင် ၁၇၀ နှင့် စားပွဲဗီရို ၁၇၈ လုံး လှူဒါန်းထားသည့်အထဲမှာ ရခိုင်ဒေသအတွက် ပြန်လည်ခွဲဝေ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Loading