သမ္မတ ဦးသိန်းစိန် နှင့် ရခိုင်တိုင်းရင်းသားပါတီ နှစ်ခုတို့ သြဂုတ် ၈ ရက် ညနေပိုင်းက နေပြည်တော်၌ သီးသန့်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ ဦးသိန်းစိန်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မှ ဦးအေးသာအောင် အပါအဝင် ၆ ဦး နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ၄ ဦးတို့ကို ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ခေါ်ယူဆွေးနွေးခြင်း ဖြစ်ကြောင်း နေပြည်တော်မှ သတင်း သမား တဦးက ပြောသည်။ ဦးသိန်းစိန်နှင့် မတွေ့ဆုံခင် ရခိုင်တိုင်းရင်းသားပါတီများသည် ကာကွယ်ရေး ဝန်ကြီး၊ နယ်စပ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ များနှင့်လည်း တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။