• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်တွင် ညမထွက်ရအမိန့် ထပ်မံ ထုတ်ပြန်

by ခင်ဦးသာ
9 August 2012
in သတင်း
A A
တာလီဘန် ခြိမ်းခြောက်မှု မြန်မာ မွတ်စလင်များ ဆန့်ကျင်

ဇွန်လ အတွင်း ဖြစ်ပွားသော ပဋိပက္ခ ကာလ စစ်တွေမြို့ တနေရာ (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)

5k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့များတွင် ယမန်နေ့ညက စတင်၍ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။

ကျောက်တော်မြို့၌ ည ၇ နာရီမှ နံက် ၅ နာရီ အထိ ညမထွက်ရ ထုတ်ပြန်ထားပြီး မင်းပြားနှင့်မြောက်ဦး မြို့များတွင် ည ၁၀ နာရီမှ နံက် ၄ နာရီအထိ အသီးသီး ထုတ်ပြန်ထားကြောင်း၊ ထိုအမိန့်အား ဗဟိုမှ လမ်းညွန်ချက်အရ ဒေသဆိုင်ရာ အာဏာ ပိုင်များက မြို့အနှံ့ လိုက်လံကြေညာခဲ့ကြောင်း ဒေသခံများ က ဧရာဝတီကို ပြောသည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
71
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
1.9k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
75

“စစ်တပ်ဗျူဟာမှူး က ညွန်ကြားတယ် ဆိုပြီး မြို့နယ်မှူးနဲ့အဖွဲ့ဝင်တွေက စပီကာ နဲ့ကြေညာတယ်၊ အိမ်မှာရှိတဲ့ တုတ်တွေ၊ ဓား တွေ၊ ဂျင်ကလိ၊ လေးခွ က အစပေါ့ ရှိရင် သက်ဆိုင်ရာကို လာအပ်ပေးဖို့၊ စစ်ဆေးတွေ့ရှိရင် အရေးယူမယ်လို့ ကြေညာတယ်” ဟု မင်းပြား မြို့ခံနှင့်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသာကျော် က ပြောသည်။

ကျောက်တော်မြို့၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် မီးရှှို့မှု၊ အုပ်စုဖွဲ့ တိုက်ခိုက်မှု စသည့်ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် အတွက် ထပ်မံ မဖြစ်စေရန် ယင်းအမိန့်ထုတ် ပြန်ရခြင်းကြောင်း ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေး အဖွဲ့ဝင် ဦးမျိုးသန့် က ပြောပြသည်။

ကျောက်တော်မြို့၌ သြဂုတ်လ ၅ ရက်နေ့က စတင်ခဲ့သော ပဋိပက္ခများတွင် ဒေသခံရခိုင်တိုင်းရင်းသားများနှင့်ဘင်္ဂါလီလူမျိုးများ အကြား အပြန်အလှန် မီးရှှို့မှုများကြောင့် ကျေးရွာတချို့မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၃၀၀ ကျော် မီးလောင်သွားကြောင်း၊ သေ ဆုံးသူ တချို့နှင့်ထိခိုက် ဒဏ်ရာရသူ အနည်းငယ် ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ဦးမျိုးသန့်က“သေဆုံးသူ တချို့ရှိပေမယ့် အလွန်နည်းပါတယ်၊ ဘယ်သူ ဘယ်ဝါ ဆိုတာ စာရင်းအတိအကျ မရသေးပါဘူး၊ အတိအကျ စိစစ်ပြီးတော့ ထုတ်ပြန်ပေးသွားမှာပါ၊ ဒီနေ့တော့ တည်ငြိမ် အေးချမ်းနေပါပြီ”ဟုလည်း ဆိုသည်။

ကျောက်တော် ပဋိပက္ခ ပြဿနာသည် မောင်တောမြို့ အကြမ်းဖက်မှု အပြီး အကြီးမားဆုံး ပြဿနာဖြစ်ကြောင်း၊ ယခင်က တဘက်နှင့်တဘက် ပဋိပက္ခတချို့ရှိခဲ့သော်လည်း ထိခိုက် ဒဏ်ရာရခြင်းမရှိကြောင်း ကျောက်တော် ဒေသခံများ က ပြော သည်။

ရခိုင်လူမျိုးများနှင့်ဘင်္ဂါလီလူမျိုးများအကြား အပြန်အလှန် မီးရှှို့မှုများကြောင့် တောင်ပေါက်၊ အပေါက်ဝ၊ ရွှေလှှိုင်၊ ဂုပ္ပီးထောင့်၊ ရွာညှာ စသည့်ကျေးရွာများ မီးလောင်ကျွမ်းသွားကြောင်း၊ ထိုကျေးရွာများ၌ ဘင်္ဂါလီလူမျိုးများ အပြင် ရခိုင်လူမျိုးများလည်း နေ ထိုင်ကြောင်း၊ မီးလောင်ကျွမ်းသွားသည့် နေအိမ်အများစုမှာ ဘင်္ဂါလီလူမျိုး နေအိမ်များ ဖြစ်ကြောင်းလည်း ဒေသခံများ က ပြော ဆို သည်။

“ဒီဒေသမှာ ရခိုင်တွေနဲ့ဘင်္ဂါလီတွေ နေလာတာ ကြာပေမယ့် ပြဿနာဖြစ်တာ တခါမှမရှိခဲ့ပါဘူး၊ ဝါဆို လပြည့်နေ့မှာ ရခိုင်တွေ ပိုင်တဲ့ ကားဂိတ်ကို ဘင်္ဂါလီတစုက ဖျက်ဆီးတဲ့အပြင် ရခိုင်ပိုင်တဲ့ ဆန်စက်ကို မီးရှှို့လိုက်တယ်၊ ဒီဆန်စက်က ဆန်တွေ ကို ရခိုင်တွေ စားနေကြတာပါ၊ အဲဒီနောက်ပိုင်းမှာ တဘက်နဲ့တဘက် ပြဿနာတွေ ကြီးထွားသွားတယ်”ဟု ကျောက်တော် ဒေသ ခံ ဦးမောင်မောင် က ဧရာဝတီကို ပြောသည်။

ကျောက်တော်မြို့၌ ယနေ့တွင် လုံခြုံရေး အင်အား တိုးချထားပြီး အခြေအနေ တည်ငြိမ်နေကြောင်း၊ စာသင်ကျောင်းများ၊ ဈေးဆိုင်များ ပုံမှန်ဖွင့်လှစ်ထားကြောင်း၊ ဘင်္ဂါလီကျေးရွာနှင့်နီးစပ်သည့် စာသင်ကျောင်းများ၊ ကျေးရွာများတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို ၅ ဦး၊ ၆ ဦး စသည်ဖြင့် လုံခြုံရေး ယူပေးထားကြောင်း သိရသည်။

မြောက်ဦးမြို့နယ်တွင်လည်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး အခြေအနေ တည်ငြိမ်နေကြောင်း၊ မြောက်ဦးမြို့မှ လေးမိုင် ခန့် အကွာရှိ ကျေးရွာတခု၌ ယမန်နေ့ ညနေက ဒေသခံတိုင်းရင်းသားများနှင့် ဘင်္ဂါလီများ အကြား ပြဿနာတချို့ရှိ ခဲ့ ကြောင်း၊ သို့သော် အာဏာပိုင်များ၊ မြို့မိ မြို့ဘများက အခြေအနေ ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ဘင်္ဂါလီ များပြားသည့် ကျေးရွာများ တွင် လုံခြုံရေး ပိုမို တိုးချထားကြောင်း သိရသည်။

“ဒေသတွင်းမှာ အခြေအနေ တည်ငြိမ်မှုမရှိတဲ့အတွက် မြို့သူ၊ မြို့သားတွေ တည်ငြိမ်အေးချမ်းစွာ နေထိုင်ရအောင် ည မထွက် ရ အမိန့် ထုတ်တာပါလို့ မြို့နယ် အာဏာပိုင်တွေက ည ၉ နာရီ ကျော်မှာ ကြေညာတယ်”ဟု မြောက်ဦး ဒေသခံ ဦးမောင်သန်း က ပြောသည်။

မြောက်ဦးမြို့ပေါ်တွင်လည်း လုံခြုံရေး တိုးမြှင့်ချထားပြီး စာကျောင်းများလည်း ပုံမှန်အတိုင်း ဖွင့်လှစ် သင်ကြားနေကြောင်း သိရ သည်။

မောင်တော အကြမ်းဖက်မှု အပြီး မောင်တော၊ ဘူးသီးတောင် ဒေသရှိ စာသင်ကျောင်း အားလုံးကို ယနေ့အထိ ပိတ်ထားဆဲ ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ဈေးများ၊ ဈေးဆိုင်များကိုလည်း နံနက် ၁၂ နာရီခန့်အထိသာ ဖွင့်လှစ်ရောင်းချနေကြောင်း၊ ပြည်ပ အကြမ်းဖက် အဖွဲ့ တချို့က မောင်တောကို ဗုံးခွဲ တိုက်မည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် ယမန်နေ့ က စတင်ပြီး လုံခြုံရေး အင်အား နေရာအနှံ့တိုးချထားကြောင်း ဒေသခံတချို့က ပြောပြသည်။

ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်များကို ဇွန်လ ၈ ရက်နေ့မှစတင်၍ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ ထို့နောက် ဇွန် လ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်တခုလုံးကို သမ္မတ ဦးသိန်းစိန်က အရေးပေါ် အခြေအနေ ကြေညာထားခဲ့သည်။

Your Thoughts …
Tags: Rakhine State
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

by ခင်ဦးသာ
11 July 2012
4.9k

တောင်ကုတ်၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် ဒေသတွင်း၌ ဇွန် လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်များကို တလပြည့်သည့်အချိန်အဖြစ် ရက်စွဲအလိုက် အကျဉ်းချုံးဖော်ပြ အပ်ပါသည်။

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

by ငြိမ်းချမ်း
31 January 2013
10.3k

“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

by ဧရာဝတီ
16 July 2013
6.3k

မွတ်ဆလင် စစ်သွေးကြွအချို့က အင်ဒိုနီးရှားနိုင်ငံမှ အခြေခံဝါဒီ အုပ်စုများထံမှ အကူအညီ ရရှိနိုင်ရန် ကြိုးစားနေသည် ဆိုခြင်းမှာ ဖြစ်နိုင်သော်လည်း ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ရိုဟင်ဂျာများက တိုက်ခိုက်ရန် လုပ်ဆောင်နေ ဆိုသည်မှာ မဖြစ်နိုင်ဟု ဆိုကြသည်။

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

by ခင်ဦးသာ
27 March 2013
5.6k

လက်ပံတောင်းတောင် စီမံကိန်းလို ပဋိပက္ခတွေ ကြီးထွားလာစေနိုင်တယ်။ ရခိုင်ပြည်သူတွေက ဒီတောင်ကို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တောင်လို့ သိထားကြတော့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ပြဿနာတွေ ကြီးထွားလာနိုင်တဲ့ အတွက် ဆိုင်းငံ့ထားဖို့ တင်ပြတာပါ

မသီတာထွေးအမှု ကျူးလွန်သူ တရားခံများအား ရုံးထုတ်စစ်ဆေး

by ခင်ဦးသာ
8 June 2012
20.1k

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေးအား အဓမ္မပြုကျင့်၊ သတ်ဖြတ်၍ ပစ္စည်းလုယူမှု ကျူးလွန်ခဲ့သည့် တရားခံများကို ကျောက်ဖြူ ခရိုင်တရားရုံး၌ ယနေ့ နံနက် ၉ နာရီက ရုံးထုတ် စစ်ဆေး

ဘင်္ဂလားဒေရှ် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

ဘင်္ဂလားဒေရှ် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

by ငြိမ်းချမ်း
1 October 2012
6.7k

“တခြားဒေသက မွတ်စလင်တွေ ထရပ်ကား ၇ စီးလောက်နဲ့ လာကြတယ်။ အင်တာနက်တင်တဲ့ ဦတွန် ဘူဒဝါဆိုတဲ့ လူကိုတော့ ရှာလို့မရဘူး၊ သူ့ အဒေါ်ကိုတော့ ရဲက လုံခြုံရေးတွေနဲ့ ခေါ်သွားတယ်လို့ သိရတယ်။ သူ့အိမ်နဲ့ သူတို့ဆွေမျိုး အိမ်တွေလည်း...

Next Post
သန့်ရှင်းသော ကောင်းမွန်သည့် ဆိုက်ကားသမား

သန့်ရှင်းသော ကောင်းမွန်သည့် ဆိုက်ကားသမား

နိုင်ငံသား ပြန်လည်စိစစ်ရေး အဆို လွှတ်တော်ပယ်ချ

နိုင်ငံသား ပြန်လည်စိစစ်ရေး အဆို လွှတ်တော်ပယ်ချ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate