တူရကီ နိုင်ငံခြားရေး ဝန်ကြီး H.E.Mr. Ahmet Davutoglu သည် ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေ ကြောင်း သတင်းရသည်။ ၎င်းသည် ရခိုင်ဒေသ ပဋိပက္ခများနှင့် ပတ်သက်ပြီး လေ့လာရန် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ကလည်း သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံ၍ ရခိုင်ပြည်နယ်အရေး၊ စွမ်းအင်ကဏ္ဍ အပါအဝင် စီးပွားရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ဆိုင်ရာများကို ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။