ရခိုင်ဒေသ ပဋိပက္ခများအပေါ် စိုးရိမ်နေဆဲ ဖြစ်သော်လည်း ဘင်္ဂါလီများကို လူမျိုးသုဉ်း သတ်ဖြတ်နေသည်ဟူသော စွပ်စွဲချက်သည် မဟုတ်မှန်ကြောင်း အမေရိကန် အစိုးရက ယမန်နေ့တွင် ပြောဆိုလိုက်သည်။ မြန်မာ လုံခြုံရေးတပ်ဖွဲ့များက ဘင်္ဂါလီ လူဦးရေ နည်းပါးသွားရန် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်နေသည်ဟူသော အစ္စလမ် ဘာသာရေး အဖွဲ့တဖွဲ့ဖြစ်သည့် Organisation of Islamic Cooperation(OIC)အဖွဲ့၏ စွပ်စွဲချက်နှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့် ရ Patrick Ventrell က သတင်းထောက်များကို ပြောကြားကြောင်း သိရသည်။ ဘင်္ဂါလီများကို အကြမ်းဖက်သတ်ဖြတ်မှုများ ရပ်တန့်သွားရေးအတွက် နိုင်ငံတကာက ဝိုင်းဝန်းဆောင်ရွက်ခြင်း မရှိ၍ စိတ်ပျက်ရကြောင်း OIC က မကြာသေးခင်က ပြောဆို ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။