အစိုးရက မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်း ကောင်စီ ကို ဖွဲ့စည်းလိုက်သည်။ ဥက္ကဌ အနေဖြင့် ဦးခင်မောင်အေး တရားရုံးချုပ် တရားသူကြီး(ငြိမ်း)၊ အတွင်းရေးမှူး ဦကိုကို(စက်မှုတက္ကသိုလ်) ၊ ဒေါက်တာ အောင်ထွန်းသက်၊ မောင်ခင်မင်(ဓနုဖြူ)၊ မောင်ဝံသ၊ ဦးသီဟစော၊ ဦးအောင်လှထွန်း၊ ဖိုးသောကြာ၊ ဒေါက်တာ မျိုးသန့်တင်၊ ဒေါက်တာ ကျော်ဇောနိုင် စသည့် ပညာရှင်များ အပါအဝင် အဖွဲ့ဝင် ၂၀ ခန့်ဖြင့် ဖွဲ့စည်းကြောင်း သြဂုတ် ၉ ရက်စွဲဖြင့် ထုတ်ပြန် ထားသည်။ ယင်းကောင်စီသည် စာနယ်ဇင်း လွတ်လပ်ခွင့် ကို တည်ဆဲ ဥပဒေနှင့် အညီ ထိန်းသိမ်း စောင့်ရှောက်ရန်၊ စာနယ်ဇင်း နယ်ပယ်၏ အရည်အသွေး အဆင့်အတန်း မြင့်မားတိုးတက်ရန် စသည့် တာဝန် ဝတ္တရား ၈ ချက်နှင့် လုပ်ပိုင်ခွင့် ၁၁ ချက် ပါဝင် သော အဓိက အချက်ကြီး ၁၁ ချက်ကို ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေါ်မှူး ဦးတင်မျိုးကြည် ၏ လက်မှတ်နှင့် ထုတ်ပြန်ကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများတွင် ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။