သတင်းတို
ပက်စီ မြန်မာပြည် ပြန်လာမည်
This article has been converted from Zawgyi One to Unicode
အမေရိကန် အချိုရည် ကုမ္ပဏီတခု ဖြစ်သော ပက်စီ ကုမ္ပဏီသည် မြန်မာနိုင်ငံနှင့် ပြန်လည် စီးပွားရေး ပြုလုပ်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။ ပက်စီကုမ္ပဏီမှ ထုတ်လုပ်သော ပက်စီကိုလာ၊ ဆဲဗင်း အပ် နှင့် မရင်ဒါ အချိုရည် ၃ မျိုးကို မြန်မာပြည်တွင်း ဖြန့် ချိ ရောင်းချရန် မြန်မာနိုင်ငံမှ Diamond Star Co. Ltd. နှင့် ယမန်နေ့က သဘောတူလက်မှတ် ရေးထိုးလိုက်ကြောင်း၊ ဇွန်လအတွင်း ကပင် စတင် စီစဉ်နေခြင်း ဖြစ်ကြောင်း AP သတင်းတွင် ရေးထားသည်။ Diamond Star Co. Ltd သည် မြန်မာနိုင်ငံ၌ တည်ထောင် လုပ်ကိုင်နေသည်မှာ နှစ် ၅၀ နီးပါးရှိပြီဖြစ်သည်ဟု ဆိုသည်။ ပက်စီ သည် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည် မှာ ၁၅ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။