• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဏာပိုင်က ခွင့်မပြုသဖြင့် နိုင်ငံခြားသားတစု ဓမ္မာရုံတွင် တည်းလိုက်ရ

by ရန်ပိုင်
10 August 2012
in သတင်း
A A
အာဏာပိုင်က ခွင့်မပြုသဖြင့် နိုင်ငံခြားသားတစု ဓမ္မာရုံတွင် တည်းလိုက်ရ

နိုင်ငံခြားသား အသွားအလာများသော အင်းဝ မြို့ဟောင်းရှိ ဗားကရာကျောင်းတိုက် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

16.4k
VIEWS
Share on FacebookShare on Twitter

ခရီးသွား လုပ်ငန်းသည် နိုင်ငံ၏ အကျိုးစီးပွားဟု အစိုးရက ဆိုသော်လည်း စက်ဘီးစီး ကမ္ဘာလှည့် ခရီးသွား မိသားတစုကို မန္တလေးတိုင်း တံတားဦးမြို့ရှိ တည်းခိုခန်းတွင် တည်းခိုခြင်းမပြုရန် အာဏာပိုင်များက တားမြစ်ခဲ့သဖြင့် ရပ်ကွက် ဓမ္မာရုံက လက်ခံ တည်းခိုခွင့် ပေးလိုက်ရကြောင်း သတင်းရသည်။

အဆိုပါ မိသားစုတွင် အသက် ၁၀ နှစ်မှ ၁၃ နှစ်အကြား ကလေး ၂ ဦးပါဝင်ပြီး ရှမ်းပြည်တောင်ပိုင်း ရပ်စောက် – ရွာငံမှတဆင့် ကျောက်ဆည်မြို့ကို ဖြတ်ကာ မိုင် ၅၀ ခန့် ဝေးသည့် ရှေးဟောင်း နယ်မြေတခု ဖြစ်သည့် အင်းဝကို လေ့လာရန် တံတားဦးမြို့သို့  ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ည ၇ နာရီ ခန့်တွင် စက်ဘီးဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
28
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
23
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
34

ကလေးများပါဝင်ပြီး ခရီးပမ်းသည့်အတွက် ယင်း ကမ္ဘာလှည့် ခရီးသွားမိသားစုက မြကေသီ တည်းခိုခန်းတွင် တည်းခွင့်ပြုရန် ပြောဆိုရာ လက်ခံခဲ့ကြောင်း၊ ည ၉ နာရီခန့် တွင် တံတားဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ဤတည်းခိုခန်းသည် နိုင်ငံခြားသားများ တည်းခိုရန် လိုင်စင်မရှိသဖြင့် ခွင့်မပြုနိုင်ကြောင်း တားမြစ်သည့်အတွက် ရပ်ကွက် ဓမ္မာရုံသို့ အကူအညီ တောင်းကာ ပို့ဆောင်ခဲ့ရကြောင်း တည်းခိုခန်းပိုင်ရှင် ဒေါက်တာ အောင်စိုးမြင့်က ပြောသည်။

“ခရီးပမ်းပြီး ကလေးတွေလည်း ပါတယ်၊ မန္တလေးကို ထပ်သွားရမယ် ဆိုပြန်တော့ အဝေးကြီး။ ဒါကြောင့် စာနာလို့ လက်ခံ လိုက်တာပါ” ဟု သူက ဆိုသည်။

တံတားဦး – အင်း၀ ဒေသသည် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတခု ဖြစ်သော်လည်း နိုင်ငံခြားသားများ တည်းခိုနိုင်သည့် ဟိုတယ်၊ မိုတယ်၊ အင်းများ မရှိကြောင်း၊ လာရောက် လေ့လာသည့် ကမ္ဘာလှည့် ခရီးသွားများသည် ၁၆ မိုင် ဝေးသည့် မန္တလေးမြို့တွင်သာ တည်းခိုရကြောင်း ဒေါက်တာ အောင်စိုးမြင့်က ရှင်းပြသည်။

ယခင်ကလည်း မြကေသီ တည်းခိုခန်းတွင် ဂျပန်၊ အမေရိကန်နှင့် ထိုင်းလူမျိုးများကို မြို့နယ်ရဲတပ်ဖွဲ့က အကူအညီတောင်းသည့် အတွက် လက်ခံခဲ့ဖူးသည်ဟု သိရသည်။

အစိုးရက နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား အများဆုံး လာရောက်သည့် နယ်မြေများတွင် “နိုင်ငံခြားသားများကို ကူညီပါ” ဟူသည့် ဆိုင်းဘုတ်များ ချိတ်ဆွဲကာ လှုံ့ဆော်ထားသည်။

တံတားဦး မြို့ခံတဦးဖြစ်သည့် ကိုသန့်ဇင်ကလည်း အဆိုပါ အဖြစ်အပျက်မှာ မှန်ကန်ကြောင်း၊ မိမိကိုယ်တိုင် ဓမ္မာရုံတွင် လက်ခံပေးခဲ့ရကြောင်း၊ ဥပဒေများ ရှိသည်မှာ မှန်သော်လည်း အဆိုပါ မိသားစုသည် လေ့လာရေး လာရောက်ခြင်း ဖြစ်သည့်အတွက် နိုင်ငံခြားသားများ အနေဖြင့် မြန်မာနိုင်ငံ အပေါ်တွင်  အထင်အမြင် လွဲမှားသွားနိုင်ကြောင်း ပြောသည်။

အဆိုပါ ကမ္ဘာလှည့် ခရီးသွား မိသားစုနှင့် ပတ်သက်၍ တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေး ရုံးကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဟိုတယ်အများစုမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး စသည့် ဒေသများတွင်သာ တည်ရှိကြပြီး မကြာသေးမီက နိုင်ငံခြားသားများ သွားရောက်ခွင့် ပြုခဲ့သည့် ချင်းပြည်နယ် ဟားခါးမြို့၊ မင်းတပ်၊ ကန်ပက်လက် စသည့် တိုင်းရင်းသား နယ်မြေ များတွင်လည်း မရှိသလောက် နည်းပါးပြီး Home Stay ခေါ် ရပ်ရွာများရှိ ဒေသခံ နေအိမ်များတွင် အခပေး တည်းခိုနေထိုင်သည့် စနစ်လည်း ကျင့်သုံးခြင်း မရှိသေးပေ။

မကြာသေးမီကလည်း ဟိုတယ်နှင့် တည်းခိုခ ဈေးနှုန်းများ အဆမတန် မြင့်တက်သွားသည့် အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည့်အတွက် အစိုးရ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီဌာန ဝန်ကြီး ဦးတင့်ဆန်းကိုယ်တိုင် ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သေးသည်။

ကလောမြို့နယ် မြင်းမထိတောင် အပါအဝင် ရပ်စောက်မြို့နယ် အတွင်းရှိ ရွာငံ၊ ပင်းတယ စသည့် ဒေသများကို နိုင်ငံခြားသားများ အလွန်နှစ်ခြိုက်ကြောင်း၊ တောင်တက် စက်ဘီးစီးခြင်း၊ သဘာဝ ပတ်ဝန်းကျင် လေ့လာခြင်း၊ တောင်တက်ခြင်း စသည်ဖြင့် လုပ်ဆောင်လေ့ ရှိကြောင်း ခရီးသွားလုပ်ငန်းများမှ သိရသည်။

Your Thoughts …
Tags: Tourism
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

၁၉ ရာစု ဗိသုကာလက်ရာကို ထင်ဟပ်နေသည့် အင်းဝရှိ မယ်နု အုတ်ကျောင်းဟု နာမည်ကြီးသော မဟာအောင်မြေဘုံစံကျောင်း (ဓာတ်ပုံ- ဇာနည်မာန်)

အင်းဝကနေ မျှော်နေမည်

by ဇာနည်မာန်
11 September 2013
3.3k

ကျနော်တို့ ရဲတွေကိုလည်း ကြောက်ရတယ်။ တကယ်လို့ ကျနော်တို့ကို သိသွားရင် ဒါမှမဟုတ် အင်တာနက်မှာ ကျနော်တို့ ဓာတ်ပုံတွေတွေ့သွားရင် သူတို့ရောက်လာပြီးတော့ ကျနော်တို့ကို ဆူမယ်။ ဒီမှာလာပြီး ဈေးမရောင်းနဲ့လို့ အတင်း မောင်း ထုတ်မယ်လေ”

လက်ဖက်မြို့တော်သို့ အလည်တခေါက်

လက်ဖက်မြို့တော်သို့ အလည်တခေါက်

by ရန်ပိုင်
15 August 2013
5.9k

ရှမ်းပြည်သည် မြန်မာဘုရင်များ လက်ထက်မှ ကိုလိုနီခေတ်တိုင် စော်ဘွားတို့၏ အုပ်ချုပ်ခံဒေသ ဖြစ်၏။ ထို့နောက် တရုတ်ဖြူ ကျူးကျော်စစ်ကို အကြောင်းပြု၍ စစ်တပ်များ ရောက်ရှိ လာခဲ့ရာမှ ပြန်မသွားတော့။ နောက်ပိုင်း၌ စော်ဘွားများ ကိုယ်တိုင် အာဏာစွန့်လိုက်ရသည့် အဖြစ်သို့...

ပခုက္ကူတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ ဆောက်လုပ် နိုင်ဖွယ်ရှိ

ပခုက္ကူတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ ဆောက်လုပ် နိုင်ဖွယ်ရှိ

by ညိမ်းပြည့်စုံ
31 May 2013
3.2k

နိုင်ငံတကာမှ လေယာဉ်ကြီးများ၏ တုန်ခါမှုကြောင့် စေတီများ ပြိုနိုင်ကြောင်း၊ ထို့ကြောင့် စေတီများ ပြိုသည့် အန္တရာယ်မှ ကင်းပြီး ပုဂံ၊ ညောင်ဦးနှင့်လည်း နီးသည့် ပခုက္ကူ လေဆိပ်ကိုသာ အသုံးပြုနိုင်ချေရှိကြောင်း

ဒွေးမယ်နော်ညီအစ်မ, သမိုင်းဝင်, ကမ္ဘာလှည့်ခရီးသွား, ကယားပြည်နယ်, သဘာဝပတ်ဝန်းကျင်, ဆက်သွယ်ရေး

ဒွေးမယ်နော် ညီအစ်မရေချိုးကန်ဖြင့် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်မည်

by နန်းဆိုင်နွမ်
13 December 2013
6.4k

ခရီးသွားတွေ အတွက် သမိုင်းဝင် နေရာတွေကို ကျနော်တို့ ပြန်ပြုပြင် နေပါတယ်။ လမ်းတွေ ကိုလည်း ပြင်ပေးနေပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေကို ဒွေးမယ်နော် ညီအစ်မ ခုနစ်ဖော် ရေးချိုးတဲ့ ကန်နဲ့ ကြပ်ဂူနဲ့ အဓိက ဆွဲဆောင်မယ်

မန္တလေး ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရန် လိုအပ်

မန္တလေး ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရန် လိုအပ်

by ငြိမ်းငြိမ်း
25 June 2013
2k

ခရီးသွားတွေကို ရေရှည်ဆွဲဆောင်နိုင်ဖို့ ဒေသခံတွေရဲ့ ယဉ်ကျေးမှု၊ ရှေးဟောင်းလက်ရာနဲ့ သဘာဝပတ်ဝန်းကျင်တို့ကို ထိန်းသိမ်းဖို့လိုနေသလို ဧည့်လမ်းညွှန် အလုံအလောက်မရှိတာကို ယခုနှစ် ခရီးသွားရာသီမှာ ကြုံတွေ့နေရပါတယ်။

လုံချည်များဖြင့် လွတ်မြောက်ခြင်း

လုံချည်များဖြင့် လွတ်မြောက်ခြင်း

by ပေါလ် ဗရီးဇ်နှင့် လဝီဝမ်
20 May 2013
7.6k

“လုံချည် ၀တ်ရတာ သက်သောင့်သက်သာ ရှိတယ်၊ အေးတယ်၊ ရာသီဥတုနဲ့လည်း လိုက်ဖက်တယ်၊ စတိုင်ကျတယ်” ဟု ဒေးဗစ်စတောက်က ပြောသည်။

Next Post
တောင်ကုတ် လူသတ်မှု ဒေသခံများနှင့် မပတ်သက်ဟု ဆို

ဘူးသီးတောင်၊ မောင်တောက ရခိုင်တိုင်းရင်းသားများ ပြောင်းရွှေ့နေထိုင်လို

ကယ်တင်ရမယ့် မြို့တော်ရန်ကုန်

ကယ်တင်ရမယ့် မြို့တော်ရန်ကုန်

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.9k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate