• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပဲခူးတိုင်းအတွင်း လယ်မြေဧက ၄ သောင်းကျော်ရေနစ်မြုပ်

by မေစစ်ပိုင်
13 August 2012
in သတင်း
A A
ပဲခူးတိုင်းအတွင်း လယ်မြေဧက ၄ သောင်းကျော်ရေနစ်မြုပ်

ရေနစ်မြုပ်နေသည့် ပဲခူးတိုင်းအတွင်းရှိ လယ်မြေများ (ဓာတ်ပုံ - မေစစ်ပိုင်/ ဧရာဝတီ)

2.1k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အတွင်းရှိ အိပ်လဟာ၊ ဇီးဝံ၊ ဆုံကုန်း၊ ဒေါဝီနှင့် အိုင်ကတုန်း ကျေးရွာအုပ်စုများရှိ ကျေးရွာခွဲပေါင်း ၄၀ ကျော်တွင် ဒေါဝီမြစ်မှ စီးဆင်းလာသော ရေများကို တားဆီးသည့် တာရိုးနှစ်ခုက ရေအားမထိန်းနိုင်ဘဲ ပေါက်ထွက်ခဲ့သဖြင့် လယ်မြေဧက ၄ သောင်းကျော်ရှိ စပါးခင်းများ ရေလွှမ်းမိုးပြီး ပျက်စီးမည့် အခြေအနေနှင့် ရင်ဆိုင် နေရကြောင်း ဒေသခံများက ပြောသည်။

ယင်းဒေသရှိ လူဦးရေ ၇၅ ရာခိုင်နှုန်းကျော်သည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေရသည့် လယ်သမားများ ဖြစ်သည့်အတွက် အဆိုပါ ဒေါဝီမြစ်တာတမံမှ ပေါက်ထွက်လျက်ရှိသော တာပေါက်များကို အမြန်ဆုံး ပိတ်ဆို့ပေးရန် သက်ဆိုင်ရာ သာယာဝတီခရိုင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာနသို့ လယ်သမားများ စုပေါင်းကာ တင်ပြခဲ့ကြောင်း၊ ဌာနမှ လာရောက်ကြည့်ရှုခဲ့သော်လည်း လက်ရှိ အချိန်အထိ တာပေါက်များကို ပိတ်ဆို့ပေးရန် စီစဉ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
100
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
89
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
919

“စပါးခင်းတွေက ရေမြုပ်လို့ ပျက်စီးကုန်ပြီ။ ဒါမျိုးဖြစ်နေတာ သုံးနှစ်ဆက်တိုက် ရှိပြီ။ ဌာနဆိုင်ရာက ဘာမှကို လုပ်မပေးတာ” ဟု ကြာဗြဲကျေးရွာနေ လယ်ဧက ၃၀ ကျော် ရေလွှမ်းခံနေရသူ လယ်သမားကြီး ဦးသန်းထွန်းက ပြောသည်။

ဒေါဝီ မြစ်ကြောင်းတလျှောက်ရှိ အင်းလေလံများ ယူကာ လုပ်ကိုင်လျက်ရှိသော အင်းသူကြီးများကလည်း ၎င်းတို့၏ အကျိုးစီးပွားအတွက် ငါးများ ပိုမိုရရှိစေရန် တာပေါက်များကို ပိုမိုချဲ့ထွင်ကြသောကြောင့် လယ်မြေများ ထဲသို့ ရေများ ပိုဝင်စေဟု ဒေသခံ ၎င်းကဆိုသည်။

အင်းသူကြီးများ၏ တာပေါက် ချဲ့ထွင်ခြင်းကို သက်ဆိုင်ရာသို့ တင်ပြ တိုင်ကြားသော်လည်း အရေးယူခြင်း မပြုသေးကြောင်း သိရသည်။

“နိုင်ငံတော် အကြီးအကဲတွေကို သိစေချင်တယ်၊ လယ်သမားတွေရဲ့ ဘဝက သေမထူး၊ နေမထူး ဖြစ်နေပြီ။ တာပေါက်တွေကို ပိတ်မပေးရင် လယ်သမား မိသားစုတွေအားလုံး ငတ်ပြီးသေမှာပဲ” ဟု အင်းပုညာ ကျေးရွာနေ လယ်ဧက ၂၀ ကျော် ရေလွှမ်းမိုးခံရသူ ဦးအောင်မြင့်စိန်က ပြောသည်။

ရေဝင်သည့် တာပေါက်နှစ်ပေါက်ကို သာယာဝတီခရိုင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးခြင်း မရှိပါက လယ်မြေရေနစ်မြုပ်ခံရသည့် လယ်သမားများ စုပေါင်းကာ ဌာန၏ ရုံးရှေ့တွင် ဆန္ဒပြသွားမည်ဟု တောင်သူများက ဆိုသည်။

“တာပေါက်တွေကို ပိတ်ပေးနိုင်ရင် လယ်သမားတွေအတွက် အကောင်းဆုံး ဖြစ်လာမယ်လို့ မြင်ပြီးသားပါ။ ဒါပေမယ့် ဌာနညွှန်ချုပ်က တဆင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို စာတင်ပြ ထားတာ အကြောင်း မပြန်သေးလို့ ဘာမှမလုပ်သေးတာ” ဟု သာယာဝတီခရိုင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာနမှ အမည်မဖော်လိုသူ အင်ဂျင်နီယာတဦးက ပြောသည်။

အဆိုပါ ဒေါဝီမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ရေစူးအနက် ၃၉ လက်မဖြစ်ပြီး လက်ရှိအချိန်တွင် ရေစူးအနက် ၄၂ လက်မ အထိ ရှိနေကြောင်း တိုင်းထွာရရှိသည်ဟု အထက်ပါ အင်ဂျင်နီယာက ဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကလည်း “လယ်သမားတွေ အတွက် ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ အားလုံး အသင်းကို လာရောက်တင်ပြမယ်ဆိုရင် တတ်နိုင်သလောက် ဆောင်ရွက်ပေးမှာပါ” ဟု ပြောသည်။

ယင်းဖြစ်စဉ်ကဲ့သို့ပင် လွန်ခဲ့သည့် ၇ နှစ် ခန့်က သုံးဆယ်မြို့အနီးရှိ အိပ်လဟာ ကျေးရွာအုပ်စုတွင် တာကျိုးပေါက်မှုမှ ရေဝင်ပြီး စပါးခင်းများ ပျက်စီးခဲ့ကြောင်း၊ ဌာနဆိုင်ရာက တာပေါက် ပိတ်ပေးခဲ့ခြင်းကြောင့် လက်ရှိတွင် အဆိုပါ ကျေးရွာ ဒေသကြီးတဝိုက်၌ လယ်မြေ စိုက်ပျိုးခြင်း အဆင်ပြေနေကြောင်း သိရသည်။

Your Thoughts …
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
အမုန်းမြို့ရဲ့ နောက်ကွယ်

အမုန်းမြို့ရဲ့ နောက်ကွယ်

စာပေစိစစ်ရေးရှိသမျှ သတင်းနှင့် စာနယ်ဇင်း လွတ်လပ်ခွင့် မရှိ၊ ဖွံ့ဖြိုးတိုးတက်နိုင်မည် မဟုတ် (ဓာတ်ပုံ- Reuters)

စာနယ်ဇင်းကောင်စီ အလုပ်မဖြစ်၊ စာပေစိစစ်ရေး မဖျက်

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.4k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate