မြန်မာ-အိန္ဒိယ-ထိုင်း ဆက်သွယ်ရေး လမ်းဖောက်လုပ်မှုအတွက် အိန္ဒိယက မြန်မာကို ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ထောက် ပံ့ပေး မည် ဖြစ်သည် ဟု ဆိုသည်။ ယင်းအကူအညီတွင် အာရှ ဖွံ့ဖြိုးရေးဘဏ်(ADB)နှင့် ကမ္ဘာ့ဘဏ်ကလည်း ပါဝင်မည်ဖြစ်ကြောင်း၊ အိန္ဒိယ အရှေ့ မြောက် ပြည်နယ်မှ မြန်မာနိုင်ငံသို့ ဆက်သွယ်ဖောက်လုပ်မည့် ကီလိုမီတာ ၁၆၀၀ ခန့် ရှည်လျားသော လမ်းအတွက် ဖြစ်ကြောင်း သိရ သည်။ မြန်မာ-အိန္ဒိယ-ထိုင်း ဆက်သွယ်ရေး လမ်းသည် ကီလိုမီတာ ၃၂၀၀ ရှည်လျား၍ လာမည့် ၂၀၁၆ ခုနှစ်၌ အပြီးသတ်ရန် မျှော်လင့်ထားသည်ဟု ဘန်ကောက်ရှိ အိန္ဒိယ သံအမတ် Anil Wadhwa က ပြောဆိုကြောင်း Channel NewsAsia အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။