မြန်မာနိုင်ငံ၏ ကံကြမ္မာသည် ငြိမ်းချမ်းရေး ရရှိမှု၊ မရရှိမှု အပေါ်တွင် မူတည်နေသောကြောင့် ငြိမ်းချမ်းရေး ရယူရမည်ဟု ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ပြောဆိုလိုက်သည်။ သြဂုတ် ၁၂ ရက်က နေပြည်တော် သမ္မတ အိမ်တော်၌ ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးတွင် ပြောခြင်း ဖြစ်သည်။ ဒေါက်တာ စိုင်းမောက်ခမ်း သည် ထိုကော်မတီ ၏ ဥက္ကဌ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။