မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဇူလိုင် ၂၃ ရက်မှ ဇူလိုင် ၂၇ ရက်အထိ ကချင်ပြည်နယ်သို့ ထပ်မံ၍ သွားရောက် လေ့လာခဲ့သည်ဟု ဆိုသည်။ မြစ်ကြီးနားနှင့် ဝိုင်းမော် မြို့များမှ ဒုက္ခသည် စခန်း ၁၆ ခုရှိ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးဝါး လိုအပ်ချက်များရှိကြောင်း၊ ဒုက္ခသည်များက နေရပ်ရင်းကျေးရွာများသို့ ပြန် လိုကြောင်းနှင့် ရွာဝန်းကျင်ရှိ မိုင်းများ ရှင်းလင်း ပေးရန် တင်ပြမှုများ ရှိကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု တချို့ရှိနေကြောင်း၊ KIA က တပ်သားသစ် စုဆောင်းမှုများရှိကြောင်း၊ အစိုးရ စစ်တပ်က ဖမ်းဆီး စစ်ဆေးမှုများရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်း စာများ၌ ထုတ်ပြန်ထားသည်။ ယင်းကော်မရှင်သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းကလည်း ကချင်ပြည်ကို သွားရောက် ခဲ့သေး သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။