လွှတ်တော် ကော်မတီများသည် ပြည်ထောင်စု အဆင့်မဟုတ်ကြောင်း ဆုံးဖြတ်ချက် နှင့် ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် ဥက္ကဌ က သမ္မတ ဦးသိန်းစိန် ထံသို့ သဝဏ်လွှာပေးပို့ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ ယင်း ဆုံးဖြတ်ချက် အတွက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ပြီး နုတ်ထွက်ပေးရန် လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးက စုပေါင်း လက်မှတ်ထိုး တင်ပြလာသောကြောင့် ဖြစ်သည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက ယနေ့ အစည်း အဝေး၌ ပြောဆိုကြောင်း ပြည်သူ့ လွှတ်တော် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ၂၈-၃-၂၀၁၂ ရက်နေ့တွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးက“လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်ခြင်းမရှိကြောင်း”ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။