နိုင်ငံတဝန်း လယ်ယာမြေသိမ်းမှု နစ်နာချက်များနှင့်ပတ်သက်ပြီး စက်တင်ဘာ ၁၈ ရက်တွင် နေပြည်တော်အရောက် တနိုင်ငံလုံး အတိုင်း အတာဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရသည်။ ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ် လယ်သမားများ၏ အပြင်ပဒံရပ်ကွက် မဟာဒီပ ဝံသကျောင်းတိုက်၌ ယနေ့ နံနက်ပိုင်းက ကျင်းပသော ညှိနှိုင်းစည်းဝေး ပွဲတွင် ယင်းသို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု လယ်သမားအရေး ဆောင်ရွက်နေသော ဦးဝင်းချိုက ပြောကြားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။