သတင်း

အဂတိလိုက်စားမှု အရေးယူတော့မည်ဟု သမ္မတ ဦးသိန်းစိန်ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အဂတိလိုက်စားမှုသည် နိုင်ငံအတွင်း၌ နေရာတိုင်းတွင် ရှိနေသေးသည့်အတွက် တာဝန်ရှိသူများက ထိထိရောက်ရောက် ဖြေရှင်း သွားရမည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်၌ ကျင်းပသော ဒုတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန် က ထည့်သွင်းပြောဆိုသွားသည်။

“လာဘ်ပေးလာဘ်ယူမှုဟာ ပေးသူရော ယူသူပါ အကျင့်ပျက်တဲ့ သိက္ခာမဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် အစိုးရရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ ဂုဏ် သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့် တားဆီးသွားကြရန် လိုအပ်ပါတယ်” ဟုလည်း ဦးသိန်းစိန် က ပြောသည်။

ယင်း ကော်မရှင်၏ ဥက္ကဌလည်း ဖြစ်သော သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြီး သန့်ရှင်းသော အစိုးရတရပ်ဖြစ်ရေးအတွက် စွန်း ထင်းနေသော အဂတိလိုက်စားမှု အမည်းစက်အား အစိုးရအနေဖြင့် အစွမ်းကုန် ချေဖျက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်း သည်။

“အောက်ခြေက ဘယ်လိုပဲလုပ်လုပ်၊ လုပ်သမျှ အားလုံးဟာ အထက်အကြီးအကဲမှာသာ တာဝန်ရှိတယ်လို့ ခံယူပြီး ထိထိရောက် ရောက် ကိုင်တွယ် ဆောင်ရွက်သွားကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်”ဟု ၎င်းက ဆိုသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုလည်း ဥပဒေနှင့်အညီ အရည်အချင်းရှိသူ၊ အဂတိ တရားကင်းရှင်းသူ၊ ရပ်ရွာအကျိုး အမှန်တကယ် ဆောင်ရွက်လိုသူများကို အောက်ခြေအဆင့်ဆင့်မှ ရွေးချယ်ပေးစေပြီး ကျေးရွာဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်ခံ၍ ဆောင်ရွက်စေမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။

နေပြည်တော် ပြည်ထောင်စု စက်မှုဝန်ကြီး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် မီဒီယာ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးများဖြစ် သော ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ဦးခင်ရီတို့က ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ အချိန်မရွေး ပေးနိုင်ကြောင်း၊ လာဘ် စားမိပါက နုတ်ထွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ပြည်တွင်း အပတ်စဉ်ထုတ် Hot News ဂျာနယ် အင်တာနက် စာမျက်နှာတွင် ယမန်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

“ဘယ်သူ့ကို လာဘ်ပေးရတယ်ဆိုတာ တိတိ ကျကျပြော၊ တိကျရင် မနက် ဖြန်ကျနော်အရေးယူမယ်။  ကျနော့်ကို လာဘ်ပေး ရ တယ်ဆိုရင်လည်း ကျနော့်ကိုယ်ကျနော် အရေးယူမယ်။ မီဒီယာတွေအနေနဲ့ ကျနော်တို့ ဆောင်ရွက်နေတာ မှန်ကန်ရင် ကူညီကြပါ။ အာပေး ကြပါ၊ မှားနေတယ်ဆိုရင်လည်း တည့်မတ်ပေးကြပါ။ ဒါပေမယ့် ကျနော်တို့လာဘ်စား နေတယ်လို့တော့ ရမ်းမလုပ်လိုက်ကြပါနဲ့။ ကျနော်လာဘ်ယူရင် ကျနော်ထွက်ပါမယ်။ ဒီလိုပဲ ကျနော့်မိတ်ဆွေ ဝန်ကြီးတွေ၊ ကျနော့်အဖွဲ့သားတွေလာဘ်ယူရင်လည်း အရေးယူဖို့ အတွက် နိုင်ငံတော်သမ္မတကြီးကို တင်ပြသွားမှာပါ”ဟု ဝန်ကြီး ဦးစိုးသိန်း က ပြောဆိုကြောင်း ဖော်ပြထားသည်။

အစိုးရအဆက်ဆက် ကျူးလွန်ခဲ့သည့် အကျင့်ပျက်ခြစားမှုများ အရေးယူရန် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ကော်မရှင်တရပ်ကို သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းသွားရန်ရှိကြောင်း လွှတ်တော် အမတ်များက ပြောဆိုသည်။

အမျိုးသား လွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော် တွင် မကြာမီ ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ပြီး သြဂုတ်လကုန်တွင် ဥပဒေအဖြစ် ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းဥပဒေအရ အဖွွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် တရပ်ကို သမ္မတက တာဝန်ယူ ဖွဲ့စည်းရမည်ဖြစ်ကာ သမ္မတက အဆိုပြုသူ ၅ ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အဆိုပြုသူ ၅ ဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက အဆိုပြုသူ ၅ ဦးတို့ ပါဝင်မည်ဖြစ်သည်။

ယခုနှစ်မတ်လ ၃ ရက်နေ့က သမ္မတ၏ တစ်နှစ်ပြည့်မိန့်ခွန်းတွင်လည်း ခေတ်အဆက်ဆက် အမြစ်တွယ်နေသော အဂတိ လိုက်စားမှုကို ခေတ်ပြောင်း၊ စနစ်ပြောင်းတွင် စိတ်ဓာတ်၊ ခံယူချက်၊ ကျင့်ဝတ်၊ လုပ်ငန်းခွင်သက်သာချောင်ချိရေး၊ အပြန်အလှန် စောင့်ကြည့်ရေး၊ တရားဥပဒေ စည်းမျဉ်းစည်းကမ်း၊ အသိအမြင် မြှင့်တင်ရေး စသည့် ဘက်စုံချဉ်းကပ်မှု နည်းလမ်းများနှင့် သတိပေး အရေးယူခြင်းများဆောင်ရွက်နေကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သေးသည်။

အဂတိလိုက်စားမှုနှင့် ပတ်သက်၍ နိုင်ငံတကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့(Transparency International)၏ ၂၀၁၁ နှစ်တွင် ပြုလုပ်သည့် စစ်တမ်းအရ နိုင်ငံပေါင်း ၁၈၂ နိုင်ငံတွင် မြန်မာနိုင်ငံသည် အောက်ဆုံးမှ စရေလျှင် မြောက်ကိုရီးယားနှင့် ဆိုမားလီယားတို့၏ အထက်တွင် ရပ်တည်နေကာ အာဖဂန်နစ္စတန် နိုင်ငံနှင့်အတူ အဂတိလိုက်စားမှု အဆိုးဆုံး နိုင်ငံများထဲတွင် တတိယ နေရာ၌ ရှိနေသည်။

သမ္မတ ၏ မိန့်ခွန်းတွင် အဂတိ ကင်းရှင်းရေး လုပ်ဆောင်နေကြောင်း ပြောဆိုထားသော်လည်း အဂတိ လိုက်စားမှုနှင့် ပတ်သက်၍ အစိုးရဌာနများ အဆင့်ဆင့်တွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေမှုကို အစိုးရသစ် သက်တမ်းအတွင်း တိုက်ဖျက်မှု တိတိကျကျ အရေး ယူဖြေရှင်းမှုများ မတွေ့ရသေးပေ။

ယခုနှစ် မတ်လထဲတွင် အစိုးရ ဝန်ကြီးဌာနများ ဖြစ်သော ပြန်ကြားရေး၊ စက်မှု ၁၊ စက်မှု ၂၊ လယ်ယာနှင့် ဆည်မြောင်း၊ သတ္တုတွင်း နှင့် စစ်တပ်အတွက် တည်ထောင်ထားသော မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် တို့ ကျပ်သိန်း ထောင်ချီပြီး အဂတိ လိုက်စားမှု ဖြစ် ပွားခြင်းကို ပြည်ထောင်စု စာရင်းစစ်ရုံးက တွေ့ရှိရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပေ။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ လက်ထက် အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်လာနိုင်သူဟု နာမည်ထွက်နေသော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ကို ၂ဝဝ၄ ခုနှစ်က အမိန့်မနာခံမှု၊ အဂတိလိုက်စားမှုတို့ဖြင့် ထောင်ဒဏ် ၄၄ နှစ် အပြစ်ပေးခံခဲ့ရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည်။

ထို့နောက် ထောက်လှမ်းရေးအဖွဲအား ဖျက်သိမ်းခဲ့ပြီး ထောက်လှမ်းရေးအဖွဲ့ဝင် အများအပြား နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံခဲ့ ရ သည်။ ဦးခင်ညွှန့်အပါအဝင် သူ၏အဖွဲ့ဝင်ဟောင်းတချို့သည် ယခုနှစ်ဆန်းပိုင်းက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading