စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကြေးစင်တောင် ကြေးနီ ရှာဖွေရေး စီမံကိန်းမှ စွန့်ပစ်ထားသော ပေ၂၀၀ ခန့်မြင့်သည့် မြေပုံ ယနေ့ နေ့လယ် ၁နာရီခန့်တွင် ပြိုကျသည့်အတွက် အနီးရှိ ဒုံးတောကျေးရွာမှ နေအိမ် သုံးလုံး ထိခိုက်မိပြီး လဲပြိုသွားကြောင်း ရွာသား တဦးက ပြောသည်။ နေအိမ်များ လဲပြိုမှုကြောင့် ထိခိုက်ဒဏ်ရာရမှု တစုံတရာ မရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။