သတင်းတို

ကမ္ဘာ့ ဘဏ်က ဒေါ်လာ သန်း ၈၀ ကူညီမည်

This article has been converted from Zawgyi One to Unicode

ကမ္ဘာ့ ဘဏ်က မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ သန်း ၈၀ ကူညီမည်ဖြစ်ကြောင်း သိရသည်။ ယင်းအကူအညီကို မြို့နယ်ပေါင်း ၃၀၀ ကျော်တွင် စံပြကျေးရွာ ထူထောင်ခြင်း၊ ဆင်းရဲမွဲတေမှု လျှော့ချရေး အထူးစီမံချက် ၁၅ ခု ဆောင်ရွက်ခြင်းတို့ကို ပြုလုပ် သွားမည် ဖြစ်သည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဦးတင်နိုင်သိန်းက ပြောသည်။ ယမန်နေ့က နေပြည်တော်၌ ကျင်းပသော ဒုတိယ အကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။

Loading